ဗဟုသုတ

Keypad ဖုန်း ကိုင်ဆောင်သူများကို​ ယခင်ထက် ကြပ်မတ်စစ်ဆေးသွားရန် စစ်ကောင်စီ ညွှန်ကြားထား

ကီးပတ်ဖုန်းကိုင်ဆောင်သူများကို အထူးစောင့်ကြည့်စစ်ဆေးရန် စစ်ကောင်စီ ညွှန်ကြား

PDF တပ်ဖွဲ့ဝင် အများအပြားသင်တန်းဆင်း ပြန်လည်ရောက်ရှိနေပြီဖြစ်၍ပိတ်ဆို့စစ်ဆေး ရေး အဖွဲ့များ အနေဖြင့် Keypad (ခလုတ်ဖုန်း) ကိုင်ဆောင် သွားလာသူများကိုအထူးစောင့်ကြည့် စစ် ဆေးသွားကြရန် စစ်ကောင်စီမှ ၄င်းတို့၏ လက် အောက်ခံ အကြမ်းဖက် တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း သိရှိရပါသည်။

ပြန်လည် ရောက်ရှိနေသော PDF တပ်ဖွဲ့ များအနေဖြင့် လက်ကိုင်ဖုန်းများထဲတွင် မှတ်တမ်းများပါ ရှိလာသဖြင့် ဖုန်းအသစ်လဲလှယ်၍ ကိုင်ဆောင် နေကြောင်းနှင့် Keypad ဖုန်းများကိုင်ဆောင် အသုံးပြုလာသည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

PDF အဖွဲ့ဝင်များ၏ ခေါင်းဆောင်ပိုင်းအချို့အနေဖြင့် အပြင်ထွက်သွားလာရာတွင် Keypad ဖုန်းများ ပြောင်းကိုင်၍ သွားလာဆက်သွယ်လှုပ်ရှားပြီး လုံခြုံသည့် ခိုအောင်းရာ နေရာများသို့ ရောက်ရှိမှသာ အင်တာနက် အသုံးပြု၍ရသော လက်ကိုင်ဖုန်းများ ပြန်လည် အသုံးပြုနေသောကြောင့် စစ်ဆေးရေး အဖွဲ့များအနေဖြင့် Keypad ဖုန်းကိုင်ဆောင် အသုံးပြုသူများတွေ့ရှိပါက သေချာစွာစစ်ဆေးရန် ညွှန်ကြားထားပါသည်။

မြန်မာနိုင်ငံ မြို့အနှံ့အပြားသို့ PDFတပ်ဖွဲ့ဝင်များ ၏ ၆၅ ရာခိုင်နှုန်းခန့် ပြန်လည်ရောက်ရှိနေပြီဟု ရဲတပ်ဖွဲ့က သတင်းရရှိထားကြောင်း သိရှိရခဲ့သည်။

ကီးပတ်ဖုန်းကိုင်ဆောင်သူများကို အထူးစောင့်ကြည့်စစ်ဆေးရန် စစ်ကောင်စီ ညွှန်ကြား

PDF တပ်ဖွဲ့ဝင် အများအပြားသင်တန်းဆင်း ပြန်လည်ရောက်ရှိနေပြီဖြစ်၍ပိတ်ဆို့စစ်ဆေး ရေး အဖွဲ့များ အနေဖြင့် Keypad (ခလုတ်ဖုန်း) ကိုင်ဆောင် သွားလာသူများကိုအထူးစောင့်ကြည့် စစ် ဆေးသွားကြရန် စစ်ကောင်စီမှ ၎င်းတို့၏ လက် အောက်ခံ အကြမ်းဖက် တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း သိရှိရပါသည်။