News

“တရုတ်ပြည်နယ်စပ်မြို့ Q စင်တာက ဗိုက်ဆာလွန်းလို့ အော်ဟစ် အကူအညီတောင်းနေတဲ့ မြန်မာတွေ”(ရုပ်သံ)

တရုတ်ပြည်နယ်စပ် Qစင်တာက ဆာလောင်သံ ညံနေတဲ့ မြန်မာလုပ်သားတွေရဲ့ ခြေနေ

ဒီကိစ္စဟာ ရွှေလီ-ဂျယ်ဂေါင်ဂရုတွေမှာ အတော်လေးပြန့်နေလို့ အဲQစင်တာက လူတွေနဲ့ ရအောင်ချိတ်ဆက်ပြီး သတင်းလုပ်ခဲ့ပါတယ်။

ဖြစ်စဥ်အတိုချုပ်ရေးရရင်

ပြီးခဲ့တဲ့ ဇူလိုင်ပထမပတ်တုန်းက တရုတ်ရဲတွေက မင်းတို့ Q ၂၁ရက်ဝင်ရမယ်ဆိုပြီး ဂျယ်ဂေါင်ထဲရော ရွှေလီထဲကရော ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေကို Qစင်တာတစ်ခုကို ခေါ်သွားတယ်။

မြန်မာအလုပ်သမားတွေက Qဝင်ရင် စားဖို့သောက်ဖို့ ဝယ်မယ်ပြောတော့ ဝယ်စရာမလိုဘူး Qစင်တာမှာ အကုန်ကျွေးတယ်လို့ ပြောထားတယ်။

Qစင်တာ မြန်မာနယ်စပ်အနီး ဝမ်တိန်သွားတဲ့ဘက်မှာ ရှိတယ်။ Qစင်တာမှာက တစ်ယောက်တစ်ခန်းနေရတယ်။ အခန်းကို အပြင်ကနေ သူတို့ သော့ခတ်ထားတယ်။ အပြင်ထွက်လို့မရ။

တရုတ်လူမျိုးတွေကတော့ ဟိုတည်မှာ Qဝင်ရတယ်။

Qစင်တာရောက်ရောက်ခြင်း စက်ရုံတစ်ခုမှာ အလုပ်လုပ်ကြမလား မြန်မာပြန်မလားပြောတော့ အကုန်လုံးက မြန်မာပြန်မယ်ဆိုပြီး စာရင်းတွေပေးကြတယ်။

ဇူလိုင်လအတွင်းတော့ တရုတ်က အစားသောက်ပုံမှန်ကျွေးတယ်။

လကုန် သြဂုတ်လထဲရောက်တော့ မင်းတို့အားလုံး တစ်ရက်ကို ခေါက်ဆွဲဗူး ၂ဗူး ရေသန့် ၃ဗူးပဲရမယ်ဆိုပြီး ပြောတယ်။ ပိုက်ဆံပေးရင်တော့ ကျွေးမယ်တဲ့။

လော့ဒေါင်းမိထားတဲ့ မြန်မာလုပ်သားတွေက အလုပ်မရလို့ ပိုက်ဆံတွေမရှိကြတော့ အခု ခေါက်ဆွဲပဲစားရတော့တယ်။

ခေါက်ဆွဲလည်း ပုံမှန်လာပို့လေ့မရှိဘူး။ တခါတလေ နေ့လည်ပိုင်း ညနေပိုင်းလောက်မှ တစ်ထုတ်လာပို့တယ်။

Qစင်တာတစ်ခုလုံး သူတို့အခန်းထဲကနေ ဗိုက်ဆာတယ် မြန်မာကိုပြန်ချင်တယ်လို့ အော်ကြတယ်။ အဲအသံတွေထွက်မှ ခေါက်ဆွဲဗူးတွေ လာပို့ကြတယ်။

နေရမယ်ဆိုတဲ့ ၂၁ရက်ကျော်သွားပေမယ့် ပြန်ရဖို့အရေး တရုတ်က ဘာမှမပြောထားဘူး။

အခန်းကျဥ်းကျဥ်းလေးထဲ တစ်ရက်ကို ခေါက်ဆွဲဗူး၂ဗူးနဲ့ နှစ်ပါးသွားနေရတော့ ထောင်ကျနေတာထက်ကို အခြေနေက ပိုဆိုးတယ်လို့ ပြောကြတယ်။

ဓာတ်ပုံရိုက်ခွင့်မရှိ အွန်လိုင်းပေါ်တင်ခွင့်မရှိ မိရင်ထောင်ဒဏ်ကျနိုင်တဲ့အဆင့်ထိ အန္တရာယ်များတယ်။

အဲထဲမှာ အစာအိမ်ရှိတဲ့လူတွေပါတယ်။ ဗိုက်ကြီးသည်တွေ ကလေးတွေပါနေတယ်။

အဲထဲက ရှိနေတဲ့ လူတစ်ယောက်နဲ့ ကျွန်တော်စကားပြောနေတုန်း ဗိုက်ဆာတယ်။ အိမ်ပြန်ချင်တယ်ဆိုတဲ့ အော်သံတွေ ကျယ်ကျယ်လောင်လောင်ကြားနေရတယ်။

ရုပ်သံဦကည့်ရန် (၁)

ရုပ်သံကြည့်ရန် (၁)

သူတို့အခုနေတဲ့ Qစခန်းက မူဆယ် တရုတ်နယ်စပ် လေယဥ်အတုရှိတဲ့အပန်းဖြေစခန်းကနေကြည့်ရင် ပိုနီးတယ်။ တရုတ်ပြည်ဘက်က ဘုရားအကြီးကြီးရှိတဲ့ အောက်နားလေးမှာရှိတယ်။

အော်သံတွေ ကျယ်လောက်သလောက် မူဆယ်မှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ ကြားရလောက်မယ်တော့ မထင်ဘူး။

ဒီကိစ္စကို မီဒီယာတွေအနေနဲ့ များများဖော်ပြပေးရင် ထိရောက်မယ်လို့ ထင်တယ်။

Mai A Naing