ဖလမ်း – ဩဂုတ် ၄
ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF) အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် လေးလအတွင်း တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင်အနည်းဆုံး ၁၀၀ခန့်ကျဆုံးခဲ့ပြီး ၄၀ကျော် ဒဏ်ရာရသွားစေခဲ့ကြောင်း CNDFဘက်က ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများအတွင်း CNDF ဘက်မှလည်း ရှစ်ဦးကျဆုံးခဲ့သည်။
”လေးလအတွင်းမှာ ကျွန်တော်တို့ CNO/CNDFအဖွဲ့အနေနဲ့ ဖလမ်းမြို့နယ်အတွင်းအပြင် ကလေး ၊ကဘားနီ၊သာစည်၊သံဖို အနီးတွေမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာလည်း ပူးတွဲစစ်ဆင်ရေး အနေဖြင့်ပါဝင်ခဲ့တယ်။ကျွန်တော်တို့တိုက်ပွဲပေါင်း ရှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အခါမှာ စကစဘက်က ဗိုလ်ကြီးအပါအဝင်အနည်းဆုံး ၁၀၀နီးပါးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူရဲကောင်း ရှစ်ဦးကျဆုံးခဲ့ရတယ်”ဟု CNDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
CNDF သည် Chin National Organization လက်အောက်ရှိလက်နက်ကိုင်တပ်ဖြစ်သည်။
CNO /CNDF အနေဖြင့် NUG၊ CRPH နှင့်လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီးပြည်ထောင်စုအတွင်းရှိEAOs များနှင့်လည်းလက်တွဲသွားမည်ဖြစ်သည့် အပြင်CNF,ZRO (E) CDF,PDF များနှင့်လည်း လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိတိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။