News

“KNU/KNLA PC ၏ စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြ COVID-19 ဖြင့် ကွယ်လွန်”

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC၏ စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြသည် ကိုဗစ်ရောဂါဖြင့် ယမန်နေ့ညက ကွယ်လွန်သွားသည်ဟု KNU/KNLA PC တာဝန်ရှိသူတစ်ဦးကအတည်ပြုသည်။

သြဂုတ်လ ၃ ရက်နေ့ ည ၁၀:၃၀ နာရီတွင် ကိုဗစ်ရောဂါဖြင့် ထိုင်းနိုင်ငံ မဲဆောက်မှာကွယ်လွန်သွားခြင်းဖြစ်သည်ဟု KNU/KNLA PC တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်စောနေစိုးမြ (အသက် ၄၈ နှစ်) သည် KNU ခေါင်းဆောင်ကြီး စောဘိုမြ၏ အငယ်ဆုံးသား ဖြစ်သည်။

” စိတ်ကောင်းရှိပြီး ငြိမ်းချမ်းရေးကို အထူးလိုလားတဲ့ ကရင်မြေမှ ကြယ်တစ်ပွင့် ကြွေလွင့်ရခြင်းအတွက် များစွာ စိတ်မကောင်း ဖြစ်ရပါသည်” ဟု ကရင်ပြည်နယ်အခြေစိုက် သတင်းစာဆရာတစ်ဦးက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။