မနက်ခင်း မှာ သွေးသစ္စာသီချင်း နဲ့အိပ်ယာထ ။
နာရီ၀က်အတွင်း Training လုပ်။ အတော်ပင်ပန်းတဲ့ အချိန်။ ရီရီမောမော နဲ့ မောရမှန်း မသိ။
သိပ်ပင်ပန်းလာတဲ့အခါ အမလ မအေရိုး ဆိုပြီး နာနာကျည်းကျည်း အော်ကြပြန်တယ်။
တဖွဲ့နဲ့ တဖွဲ့ ယှဉ်ပြိုင်ပြီး အနိုင်ဇောတွေကြားမှာ ပုခုံးတွေ ကိုယ်ဆီ ဖက်လို့ ။
မညီတဲ့ မြေပြင်မှာ ခလုတ်တိုက်လို့ အနာတရ ဒဏ်ရာ တွေ တယုတယ ဆေးပေးခဲ့တယ်။ ဒီအချိန်မှာ ကိုယ်က မိခင်လေ။
ခေတ္တနားချိန်မှာ ဆာလောင်နေတဲ့ ၀မျးဗိုကျတှေ ကျု ယောက်ဖ ဘာရှိသေးလဲ ဆိူပြီးဆေးလိပ်တို ကို တယုတယ တလှည်စီ ဖွာလို့ ။
တယောက်ယောက်က ခေါက်ဆွဲပြုတ် ကော်ဖီလေး တိုက်ရင် ပြုံးနေလိုက်တဲ့ မျက်နှာ လေးတွေ ။
10 နာရီ မှာ ပြည်သူကို သစ္စာပြု ခေါက်ဆွဲ ပြုတ် နဲ့ ထမင်းကို အစာပြေ စားလို့။
အသားဟင်း ပါတဲ့ နေ့ဆို ဆွဲပီကွာ တဲ့လေ ။
နေပူမိုးရွာ မရှောင် ညိုမဲနေတဲ့ အသားတွေက ပင်ပန်းမှု့ သက်သေပဲ။
ညနေ တချိန် ပဲထောပါတ် ပါတဲ့ အခါ ဟာ ကွာ တဲ့ လေ ။
အချိန်တိုင်း စစ်ရေးလေ့ကျင့် နေ့ခင်းတောင် မနားကြပါဘူး
ည ဆို
ဒရုန်းတွေ ပါတ်လို့ ကင်းစောင့်ကြရသေးတယ်။
စကားဝှက်က အသက်တဲ့။
ည မှောင်မှောင်ကြားမှာ တော်လှန်ရေး သီချင်းစုံ ကို ဆိုရင်း နေ့သစ်တွေ ကို မျှော်လင့် ချက်တွေ နဲ့ ပေါ့။
ပြည်တွင်းက သတင်းစကား တွေ နားစွင့် တောက်ခေါက်သံ တွေကြားမှာ ပြည်သူတွေ အတွက် လက်သီးသေးသေးတွေ ခပ်တင်းတင်းဆုပ်လို့ ။
တိုက်ချင်ပြီဗျာ တဲ့
အရေးတော်ပုံ အောင်မှ ဖြစ်မယ် တဲ့
မျက်၀န်းလေးတွေ အဝေးကို ငေး လို့ ။
အိမ်လွမ်းနေသလား
ချစ်သူတွေ လွမ်းနေမလား။
အချစ်ဆိပ် တက်တဲ့ ကာလ ရဲ့ နှလုံးသားတွေတောင် အရင်းအနှီးပြူထားကြတယ်
အနာဂါတ် နဲ့ အသက် သူတို့ ဘ၀တန်ဘိုး လူ့တန်ဘိုး ကို ရင်နင့်အောင် နားလည်နေကြတယ်။
သူတို့မျှော်လင့်ချက်တွေ ဖြည့်စီးပေးနိုင်ချင်တယ်။