ရန်ကုန်၊သြဂုတ် ၃-၂၀၂၁
KK(VOM)
စားသောက်ကုန်ပစ္စည်း(၄)မျိုးကို ငွေ၁၀၀နဲ့ ရောင်းချပေးနေတဲ့ MazelyFannelအဖွဲ့ကို သက်ဆိုင်ရာကနေ လူစုလူဝေးဖြစ်တယ်ဆိုပြီး တားမြစ်တဲ့အတွက် ဒီကနေ့မှာ အိမ်တိုင်ရာရောက်လိုက်လံရောင်းချပေးခဲ့ရတယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ တောင်ဒဂုံမြို့နယ်အတွင်းရှိအခြေခံလူတန်းစားတွေအတွက် ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်နီ ကုန်ပစွည်း(၄)မျိုးကို ငွေ၁၀၀နဲ့ အိမ်တိုင်
ရာရောက် သွားရောက်ရောင်းချပေးခဲ့တယ်လို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက VOMကိုပြောပါတယ်။
“လှိုင်မှာရောင်းတုန်းက သတ်မှတ်ထားတဲ့လူဦးရေထက်များတယ်ဆိုပြီး သက်ဆိုင်ရာကလာတားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့အိမ်တိုင်ရာရောက် လိုက်ရောင်းတဲ့အစီအစဥ်ကိုလုပ်လိုက်တာ”လို့ သူကရှင်းပြပါတယ်။
တောင်ဒဂုံရှိ သစ်ဆိမ့်ရပ်ကွက်၊၆၅ရပ်ကွက်၊၁၀၇ရပ်ကွက်အပါအဝင် ရပ်ကွက်အချို့ရှိ အိမ်ထောင်စု ၃၀၀ကိုရောင်းချခဲ့တယ်လို့ သိရပါတယ်။
Mazely Flannel အဖွဲ့က ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ငါးဆယ်ကျပ်သား၊ကြက်ဥဆယ်လုံး၊ကြက်သွန်နီငါးဆယ်သားကို ငွေတစ်ရာကျပ်နဲ့ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်က လှိုင်မြို့နယ်မှာရှိတဲ့ လူဦးရေ သုံးရာနီးပါးကိုရောင်းချခဲ့ပါသေးတယ်။
အဲ့ဒီအဖွဲ့ဟာ နောက်ရက်တွေမှာလည်း သာကေတ၊ရွှေပြည်သာ၊လှိုင်သာယာ၊ဒလတို့မှယ ထပ်မံလှူဒါန်းသွားမယ်လို့ သိရပါတယ်။
#voiceofmyanamr #VOM #ရန်ကုန်