ကြက်သွန်ဖြူ မီးဖုတ် (သို့) မီးကင်ပြီးစားသုံးပေးခြင်းရဲ့ အကျိုးကျေးဇူးများ
ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတစ်ခုပါ။ ကြက်သွန်ဖြူမှာပါ၀င်တဲ့ သဘာ၀ ဂုဏ်သတ္တိတွေဟာ ရောဂါများစွာကို ကုသပေးနိုင်ပြီး ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု နေကြပါတယ်။
ကိုလက်စထရော ပမာဏကို လျှော့ချပေးပါတယ်။
မီးဖုတ်ထားတဲ့ (သို့) မီးကင်ထားတဲ့ ကြက်သွန်ဖြူ ၆ မွှာကို နေ့စဉ်စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုနေပါတယ်။
ကြက်သွန်ဖြူကို မီးကင် (သို့မဟုတ်) မီးဖုတ်ပြီး စားလိုက်သောအခါ ၂နာရီမှ ၄ နာရီအတွင်း ကင်ဆာဆဲလ်တွေကို စတင်တိုက်ဖျက်ပေးပြီး တခြားရောဂါတွေ ၀င်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
၄ နာရီမှ ၆ နာရီအတွင်း ခန္ဓာကိုယ်အတွင်းမှာ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။
၆ နာရီမှ ၇ နာရီအတွင်း ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။
ကြက်သွန်ဖြူကို မီးကင် (သို့မဟုတ်) မီးဖုတ်ပြီး စားလိုက်သောအခါ ၆ နာရီမှ ၁၀ နာရီအတွင်း ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ အဟာရဓါတ်တွေဟာ ဓါတ်တိုးမှုကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင် နုပျိုစေပါတယ်။
၁၀ နာရီမှ ၂၄ နာရီအတွင်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အရိုးတွေကို သန်မာစေပါတယ်။
သွေးပေါင်ချိန် မှန်စေပါတယ်။
အဆီတွေကို ဖယ်ရှားပေးပါတယ်။
ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပေးပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။
ကြက်သွန်ဖြူကို မီးကင် (သို့မဟုတ်) မီးဖုတ်ပြီး စားလိုက်သောအခါ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အမောခံနိုင်ပြီး အားကစား ပိုလုပ်နိုင်လာပါတယ်။