ဗဟုသုတ

ခရမ်းပင် အသီးကောင်းအောင် ပြုစုစိုက်ပျိုးနည်း

ခရမ်းပင်စိုက်ပျိုးရန် မြေကောင်းရန်လိုပါသည်။

မြေဩဇာကောင်းရမည်။ သဲနှုန်းမြေဖြစ်လျှင် ကောင်းသည်။ ခရမ်းပင်ဟာ အဟာရဓာတ်များများစားတဲ့ သီးနှံဖြစ်ပါတယ်။

မြေဩဇာတွေမှာ အထူးသဖြင့် အပင်ကြီးထွားသန်တဲ့ နိုက်ထရိုဂျင်မျာများပါတဲ့ ဓာတ်မြေဩဇာတွေကျွေးပြီး ပွင့်သီးတဲ့ ဖော့စဖိတ်နဲ့ အဓိကဖြစ်တဲ့ ပိုတက်စီယမ်တွေမကျွေးရင် အပင်ကဟုန်ပြီးကြီးမယ်။ အပွင့်အသီးနည်းမယ်။

ယူရီးယားက စိုက်ချိန်မှာ ၅၀ ကီလို တစ်အိပ်ထည့်သလို စိုက်ပြီး တစ်လ နှစ်လ ကြာရင် တစ်အိပ်ထပ်ထည့်ရမယ်။ တီစူပါနဲ့ ပိုတက်စီယမ်က မြေပြင်တုန်း နှစ်အိပ်ထည့်ရမယ်။

စိုက်ရာမှာ စိုက်ဘောင်နဲ့ (တန်းကြား ၃ ပေ ပင်ကြား ၂ ပေ )ကိုယ်စိုက်မယ့် ခရမ်းမျိုးလိုက်ပြီးစိုက်ပါ။ သိသိသာသာအေးတဲ့ရာသီ ၁၃° C ထက် နည်းရင်ဖြစ်စေ၊ ညအပူချိန် ၂၁°C အောက်ရောက်ရင်ဖြစ်စေ၊ အသီးမတင်နိုင်ပါ။

အသင့်တော်ဆုံးက ၂၁ မှ ၂၈°C ဖြစ်ပါတယ်။ကျော်ရင် အသီးဖြစ်မှုနည်းတယ်။ အပင်နဲ့ ကိုင်းတွေများပြီး အသီးမသီးရင် ကိုင်းတွေဖြတ်တောက်လုပ်ရပါတယ်။ ပေါင်းရှင်း၊ မြေဆွ၊ မြေကြီး အစိုဓာတ်ရအောင် တစ်ပတ်တစ်ကြိမ်ရေဖျန်းပေးရပါမယ်။

အပင်ရွှေ့စိုက်ချိန် အပင်ငယ်ဘဝ အပူဒဏ်ခံရရင် အပင်ကြီးမှု၊ အသီးအရှိန်ကျသွားနိုင်တယ်။ စိုက်တာကို ညနေရွှေ့စိုက်ရတာ၊ အပင်ငယ်စဉ် ပူပြင်းမှုများရင် ‌နေဒဏ်ကာပေးရတယ်။ အမြစ်စွဲ အပင်လန်းချိန်မှ အရိပ်ဖယ်ပေးရတယ်။ ‌ခေါင်ညွှန့်ထိုးပိုးနဲ့ ပင်ညှိုးရောဂါကျရင်လဲ အသီးနည်းသွားမယ်။

စိုက်ပြီး ၁၅ ရက်လောက်မှာ ပေါင်းရှင်း၊ မြေဆွ၊ အစိုဓာတ်ရှိအောင်လုပ်ပြီး ပုလဲဓာတ်မြေဩဇာ ဟက်းစားဇွန်း တစ်ဇွန်းလောက် တစ်ပင်ထည့်ပါ။

အပင်နဲ့ တစ်ထွာခွါပြီး အပင်ပတ်လည်ထည့်ပါ။ အကိုင်းတွေ ထောင်မထွက်ပဲ ခွထွက်အောင် ထိပ်ညွှန့်တွေ ချိုးဖြတ်ပေးပါ။ ပန်းပွင့်ချိန် ‌မြေဆွ မြေဩဇာထပ်ကျွေး၊ တစ်ပင်တစ်ဇွန်းပဲ။ ပဲဖတ်၊ နှမ်းဖတ်ရေ လောင်းထည့်ရတယ်။ တစ်ပင်ကို နို့ဆီဗူး တစ်ဝက်ပဲ။ အသီးကင်းတွေကိုအသီးစထွက်ချိန်မှာ ခေါင်ညွှန့်ထိုးပိုးနဲ့ သီးလုံးဖောက်ပိုးကျမယ်။ အသီးကင်းလေးတွေ အိပ်စွတ်ပေးရင်ရတယ်။

ကိုင်းတွေ အညွန့်တွေဖြတ်ပြီးရင် မြေဩဇာတော့ ကျွေးရပါမယ်။မြေဩဇာကျွေးရင် ရေလဲ နည်းနည်းစိုအောင်ပေးရမယ်။ အပင်က ကျွေးလိုက်တဲ့ မြေ‌ဩဇာကို အရည်ပျော်မှ စားနိုင်တာဖြစ်ပါတယ်။ သဘာဝမြေဆွေး နောက်ချေးရောထည့်ပါ။ မြေသန်ရင် ဖော့စဖိတ်နဲ့ ပိုတက်စီယမ်တော့ ထည့်‌ရပါမယ်။

တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ။