2 August 2021 – Kachinwaves
ဖားကန့်မြို့လမ်း နန့်ယားကျေးရွာမှ ဖားကန့်မြို့သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ယနေ့နံနက်ပိုင်းတွင် ကေအိုင်အေ မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နန့်ယားကျေးရွာမှ ဖားကန့်မြို့သို့ တက်လာသည့် စစ်ကောင်စီတပ်တို့ကို တံတားညီနောင်အနီးရှိ ရုန်းတောင်တွင် ကေအိုင်အေ မှ ချုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နန့်ယား ကျေးရွာရှိ ပြည်သူ့စစ်စခန်းကိုလည်း ကေအိုင်အေ မှလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“နန့်ယားကျေးရွာအဝင်မှ ပြည်သူ့စစ် ဂိတ်ရှိတယ် အဲ့မှာ ကေအိုင်အေဘက်က လက်နက်ကြီးပစ်လိုက်တာ ဂိတ်မှာမကျဘူး သူတို့နေတဲ့ ကုန်းမှာကတော့ လက်နက်ကြီးကျတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
နန့်ယားမြို့မှ စစ်ကောင်စီစစ်သား အယောက် ၁၀၀ ကျော်သည့် စစ်ကြောင်းကို ကေအိုင်အေ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။