ဗဟုသုတ

သူမတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး ကိုဗစ်ရောဂါကူးစက်ခံနေရကြောင်း ပရိတ်သတ်တွေကို အသိပေးလာတဲ့ နန်းမြတ်ဖြိုးသင်း

ပရိတ်သတ်ကြီးရေ….လတ်တလောမှာ ရောဂါပြန့်ပွားမှုကလည် းအတော်လေးများလာပြီဖြစ်ပြီး လူတော်တော်များများကူးစက်ခံထားရပါတယ်။

အသက်ဆုံးရှုံးမှုတွေလည်းဖြစ်ပွားနေခဲ့ပြီး ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးပြီးကိုယ့်အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြရတဲ့အခြေအနေပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က နန်းမြတ်ဖြိုးသင်းဟာအောက်စီဂျင်အိုးအရေးပေါ်လိုအပ်လို့ အကူအညီေ တာင်းတဲ့ စာတစ်ချို့ လူမှုကွန်ယက်မှာရေးသားခဲ့ပြီးနောက်ပရိသတ်တွေကစိတ်ပူပြီး ဝိုင်းဝန်းမေးမြန်းကြတဲ့အချိန်မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူလိုအပ်နေတာဖြစ်ကြောင်း ပြန်လည်ပြောပြ လာခဲ့ပါတယ်။

စိတ်ပူကြတဲ့ပရိသတ်တွေဟာ အကျိုးအကြောင်းမေးမြန်းခဲ့ပြီး သူမတို့ကိုဂရုစိုက်ဖို့နဲ့ စိတ်ဓာတ် မကျဖို့ အားပေးစကားတွေပြောခဲ့ကြပါတယ်။

နန်းမြတ်ကလည်း ” သူငယ်ချင်း မိတ်ဆွေတွေ စိတ်ပူကြတာကျေးဇူးတင်ပါတယ် နန်းမြတ်ကိုယ်တိုင်လည်း P ယောက်ျားကိုလည်းအချိန်နဲ့အမျှ အရမ်းဂရုစိုက်ပြီးပြုစုရင်းအလုပ်ရှုပ်နေတာမို့ ဖုန်းတွေမဖြေနိုင်တာနားလည်ပေးကြပါနော် ကိုဗစ်ကိုတိုက်ထုတ်နေပါတယ် အနိုင်ရရင်အသေးစိတ်ပြော ပြပါမယ် ” ဆိုပြီး စိတ်ပူနေတဲ့သူတွေကို စိတ်မပူကြဖို့နဲ့ သူမတို့ ဂရုစိုက်နေကြောင်း ပြန်လည်ေြ ပာပြလာခဲ့ပါတယ်။

နန်းမြတ်ကိုယ်တိုင်လည်းဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ကိုယ်တိုင်ရော ခင်ပွန်းဖြစ်သူကိုပါ သေချာဂရုတစိုက်ပြုစုနိုင်မှာပါ။

သူမကိုချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ ဂရုစိုက်ဖို့ အထပ်ထပ်အခါခါ မှာနေကြပါတယ်။ ဒီရောဂါကြီးကိုအေ ကာင်းဆုံးတိုက်ထုတ်နိုင်ခဲ့ပြီးရင်သူမတို့အောင်မြင်ခဲ့တဲ့ နည်းလမ်းကို အသေးစိတ်ပြောပြမယ်လို့လည်းပြောခဲ့ပါသေးတယ်။ အမြန်ဆုံး ပြန်လည်ကျန်းမာပြီးအောင်မြင်ပျော်ရွှင်တဲ့မိသားစု ဘဝလေးမှာ အချိန်အကြာကြီး အေးချမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Souerce : Nann Myat Phyo Thin’s FB Acc