ဗဟုသုတ

ဒီကနေ့ သြဂုတ်လ(၁)ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးရဲ့ဖခင် ဦးတင်မောင်ဦး






“မလုပ်ပေးလိုက်ရဘူးဆိုတဲ့ နောင်တ စိုးစဉ်းမှ မရှိစွာနဲ့ သမီးတတ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးခဲ့ပါတယ်..ကံကြမ္မာကိုတော့ ပြောင်းလဲမပေးနိုင်ဘူးပေါ့အဖေ..။

အဖေကိုယ်တိုင် အကြိမ်ကြိမ်စိတ်ကြိုက် ရွေးချယ်ခဲ့တဲ့ ကံကြမ္မာအတွက် အဖေလဲ နောင်တကင်းစွာ လက်ခံနိုင်မယ်ထင်ပါတယ်.။

သိလို့ဖြစ်စေ မသိလို့ဖြစ်စေ ကာယကံ ဝစီကံ မနောကံ နဲ့ ပစ်မှားမိခဲ့ဖူးတဲ့ အပြစ်တိုင်းအတွက် ထိခြင်းငါးပါးနဲ့ ကန်တော့လိုက်ပါတယ်.

.။ငြိမ်းချမ်းစွာ အနားယူပါတော့.”လို့ ငွေတီဦးက လူမူကွန်ယက်မှာဖခင်ဖြစ်သူနဲ့ပတ်သက်လို့ရေးသားထားပါတယ်။



ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသားချောပြေတီဦးကတော့အနုပညာအရည်အချင်းပြည့်ဝပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။

ဒါအပြင်ပြေတီဦးကမင်းသမီးချောလေးအိန္ဒြာကျော်ဇင်နဲ့ရွှေလက်တွဲထားပြီးချစ်စရာသားသားမီးမီးတွေ လည်းပိုင်ဆိုင်ထားပါသေးတယ်။

မင်းသားချောပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့အနုပညာရှင်စုံတွဲကတော့ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးတိုက်ပွဲဝင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ဖမ်းခံခဲ့ရပြီးလက်ရှိမှာအင်းစိန်ထောင်မှာရောက်နေတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်အောက်စီဂျင်လိုအပ်ကြောင်းကိုအမဖြစ်သူကအခုလိုပဲပြောပြလာ ပါတယ်။

ဖေဖေကလေLevel 12နဲ့ပေးတာတောင်SPO 270 ပဲရှိတော့လို့အောက်စီဂျင်လေးများကူညီကြပါဦးနော်စက်ကလဲမနိုင်တော့လို့ပါဆိုပီးပြောထားပါသေးတယ်နော်။

ဒီနေ့မှာတော့ ပြေတီဦးရဲ့ဖခင်ဦးတင်မောင်ဦး အသက်(၇၄) နှစ်ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားပြီပဲဖြစ်ပါတယ်။

မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်နော်။ကောင်းရာသုကတိလားပါစေအန်ကယ်ရေ….🙏🙏🙏။