“ကျွန်တော့အဖေနဲ့အမေ က စမ်းချောင်း၊ … လမ်း၊ အမှတ်.., ၄လွှာမှာ နှစ်ယောက်ထဲနေကြပါတယ်…
(၁၀.၇.၂၁) ရက်နေ့လောက်မှာ အမေက နှာစေး,ချောင်းဆိုး စ,ဖြစ်ပါတယ်…
၃ရက်လောက်နေတော့ အဖေ့ကိုကူးပါတယ်…
ကျွန်တော် အဖေနဲ့အမေ့ဆီကို တစ်နေ့ဖုန်း ၄,၅ကြိမ်ဆက်ပြီး သောက်ရမယ့်ဆေး, စားရမယ့်အစားအသောက်(ကြက်ပေါင်း, ဌက်သိုက်), ရေနွေးငွေ့ရှူဖို့(တစ်နေ့ ၃ကြိမ်), ဆားရေနဲ့ပလုတ်ကျင်းဖို့(တစ်နေ့၃ကြိမ်) ဂရုတစိုက်ပြောပါတယ်…
ကျွန်တော်ပြောသမျှအားလုံး အမေက နေ့စဥ်မပျက်လုပ်ပေမယ့် အဖေက မလုပ်ခဲ့ဘူး…
ဘာလို့မလုပ်တာလည်းဆိုတော့ အဖေကတစ်သက်လုံးအရမ်းကျန်းမာခဲ့တာကိုး…
ကျွန်တော့ထက်တောင်ပိုပြီးကျန်းမာတယ်…
အဲလိုကျန်းမာလွန်းလို့လည်း အဖေက ဒီတစ်ခါနှားစေး, ချောင်းဆိုး ဖြစ်တာကို အရင်လိုပဲယူဆပြီး (၂၀.၇.၂၁) မှာ ရေချိုးလိုက်ပါတယ်…
အမေပြောပြလို့ သိသိချင်း ကျွန်တော်ဖုန်းဆက်တော့ အဖေက သိပ်လက်မခံချင်ဘူး…
ကျွန်တော်သေချာ ချော့ပြောတော့မှ လက်ခံတယ်…
ကျွန်တော်ပြောတာကို အဖေ ၃ရက်ပဲနားထောင်ခဲ့တယ်…
(၂၄.၇.၂၁) မနက် ရေထပ်ချိုးတယ်…
(၂၅.၇.၂၁) နေ့လည်မှာတော့ အဖေ အောက်ဆီဂျင် ၆၅ အထိကျပြီး အသည်းအသန်ဖြစ်တဲ့အခြေအနေရောက်ခဲ့တယ်…
ကျွန်တော်ဖုန်းဆက်ပြီး အကူအညီတွေလိုက်တောင်းတော့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ရဲ့လမ်းညွှန်မှုကြောင့် ဆရာဝန်မကြီးတစ်ယောက်နဲ့ ကိုဝေဠုကျော်တို့ရဲ့အကူအညီနဲ့ အဖေ့ကို အောက်ဆီဂျင်လုံးဝမပျက်အောင်ထားနိုင်ခဲ့တယ်…
(၂၅.၇.၂၁) တစ်ညလုံး (၂၆.၇.၂၁) အထိ အောက်ဆီဂျင်အဆက်မပျက်ပေးနိုင်ခဲ့လို့ သက်သာသွားပြီလို့ ကျွန်တော်တို့ယူဆခဲ့တယ်…
ဒီရောဂါကြီးက အရမ်းမာယာများတယ်…
(၂၇.၇.၂၁) မှာ အဖေက အောက်ဆီဂျင်ပိုက်အတပ်မခံတဲ့အထိ စိတ်အလိုမကျတွေဖြစ်ပြီးဒေါသတွေကြီးခဲ့တယ်…
ဘာမှလည်းကျွေးလို့မရတော့ဘူး…
တစ်သက်လုံးအရမ်းကျန်းမာခဲ့တဲ့အဖေက အခုလိုအိပ်ယာထဲမှာအောက်ဆီဂျင်ပိုက်တပ်ထားရတဲ့အနေအထားကို ဘယ်လိုမှလက်မခံနိုင်ဘူးဖြစ်နေခဲ့တယ်…
ကျွန်တော်ကတော့ အဖေရေချိုးမှားသွားတယ်လို့ထင်ပါတယ်…
(၂၉.၇.၂၁) မှာတော့ အောက်ဆီဂျင် ၆၀ လောက်အထိကျပြီး အဖေ့အသိစိတ်တွေ မတည်မငြိမ်ဖြစ်ခဲ့ရတယ်…
V call နဲ့ ခေါ်ပြီးစကားပြောနေတဲ့ကျွန်တော့ကိုတောင် မမှတ်မိတော့ပဲ ည ၇:၃၁ မှာ အဖေဆုံးသွားခဲ့တယ်…
အမေက အခုဆို လည်ချောင်းလေး နည်းနည်းယားတာလောက်ပဲရှိပါတော့တယ်…
အမေ့ကို အကောင်းဆုံးလည်းဂရုစိုက်နေပါတယ်…
ကျွန်တော်တို့ပြည်သူတွေ ကျွန်တော့အမေလို အထူးဂရုစိုက်ခြင်းဖြင့် ဒီကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်စေဖို့ မေတ္တာဖြင့်မျှဝေလိုက်ပါတယ်…” လို့ ညီနန္ဒက အခုလို ရေးသား အသိပေးခဲ့တာဖြစ်ပါတယ်။