News

“၂၀၂၃ ဩဂုတ်လအထိ အာဏာသိမ်းထားမည်ဟု အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ပြော”

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက် လူသတ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်အထိ ဩဂုတ်လအထိ အာဏာသိမ်းထားမည်ဖြစ်ကြောင်း ယနေ့ ၆ လပြည့်အဖြစ် စကားပြောစဉ် ထည့်သွင်းပြောဆိုသွားသည်။

မင်းအောင်လှိုင်က တိုင်းပြည် နိုင်ငံရေး တည်ငြိမ်မှု ရှိသောအခါ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပရန် ခြောက်လ အချိန်ယူမည်ဖြစ်ကြောင်း အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အသက် ၆၅ နှစ်ပြည့်ချိန်တွင် ရာထူးတာဝန်မှ အနားယူရမည်ဖြစ်သော်လည်း အနားယူခြင်းမပြုဘဲ လက်နက်ဖြင့် နိုင်ငံတော်အာဏာကို ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ လက်ထဲမှ သိမ်းယူသွားခဲ့ပြီး ပြည်သူ ၁၀၀၀ နီးပါးကို သတ်ဖြတ်ကာ ထောင်ပေါင်းများစွာ ဥပဒေမဲ့ ဖမ်းဆီးထားသော အကြမ်းဖက်စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

Photo Credit- Reuters