News

“ယတြာချေရမယ် ဆိုပြီး မိန်းကလေးတစ်ယောက်ကို တည်းခိုခန်းခေါ်ပြီး . . .တဲ့ ဗေဒင်ဆရာကို အမှုဖွင့်”

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊မုတ္တမနယ်မြေရဲစခန်းပိုင် ဥတ္တံတားကျေရွာနေ ဗေဒင်ဆရာဆိုသူကို ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ပုဒ်မ ၃၇၆ ြဖင့် အမှုဖွင့်တိုင်တန်းထားရှိခဲ့ရတယ်လို့ ကျူးလွန်ခံရတဲ့ ကာယကံရှင် အသိုင်းအဝိုင်းထံက သိရတယ်။

ကျိုက်မရောမြို့နယ်၊ကျုံဝမ်းကျေးရွာနေမ***(၂၂)နှစ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပေါင်မြို့နယ် ဥတ္တံတားကျေရွာနေ ဗေဒင်ဆရာဖြစ်သူ ဆရာမင်းသား(ခ)ဖိုးပျော့(၄၉)နှစ်ထံမှာ သွားရောက်ဗေဒင်တွက်ခဲ့တာဖြစ်ကြောင်း ယတြာချေရန် ဇူလိုင်လ ၁၂ ရက်နေ့ တွင် ထပ်မံလာရောက်ရန် ဗေဒင်ဆရာက ချိန်းဆိုကာ

တိတ်ဆိတ်ပြီး လူရှင်းလင်းသော အခန်းအတွင်းတွင် ယတြာချေရမည်ဟုဆိုကာ မုတ္တမကျေးရွာရှိ “လန်း”တည်ခိုခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင် အသိုင်းအဝိုင်းဘက်က ပြောဆိုချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ဗေဒင်ဆရာဆိုသူ ဆရာမင်းသား(ခ)ဖိုးပျော့(၄၉)နှစ်၊ (ဘ)ဦးဒူးဒူးအား မုတ္တမနယ်မြေရဲစခန်းက (ပ) ၄၅ /၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီး အမှတ်စဉ် ၄/၂၀၂၁ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

Mawlamyine Weekly News