ဇူလိုင်လ ၂၉ရက် နှင့် ၃၀ ရက်အကြား မင်းတပ်-မတူပီလမ်းပေါ် ၇၄ မိုင်တွင် ဖြစ်ပွားခဲ့သော CDF-CNF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့အကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် မင်းတပ်နဲ့ မတူပီကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှုး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ထို့အပြင် မတူပီ၌ တာဝန်ကျနေသော အပွင်နှစ်ပွင့်ပါ ဗိုလ်ရဲလင်းအောင်လည်း သေဆုံးကြောင်း ၎င်းနှင့်ခင်မင်ရင်းနှီးသူများမှ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က စတင်ကာ ဝမ်းနည်းကြောင်းများ ရေးသားသည်ကို တွေ့ရှိရပါသည်။
သေဆုံးသူ ဗိုလ်ရဲလင်းအောင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှနေ၍ တူမီးသမားများဖြင့် ပြိုင်ပစ်မည်ဟု ဆဲရေးတိုင်းထွာ၍ စိန်ခေါ်ခဲ့ဖူးသည်။
ထို့အပြင် ဖိုတိုရှေ့ဖြင့်ပြုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ဓါတ်ပုံများနှင့် သတင်းမှားများကိုလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြန်လှည်မျှဝေခြင်းများ ပြုလုပ်တတ်သည်။
သေဆုံးသူ ဗိုလ်ရဲလင်းအောင်ဟာ မတူပီသို့ မကြာခင်ကမှရောက်ကာ တာဝန်ကျနေပုံရသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ
“ကိုယ်အကျွမ်းကျင်ဆုံးမြို့ထဲမှာ မတူပီပါဝင်သွားပြီး သကာလ …” ဟူသော post ကို Public ဖြင့်နောက်ဆုံးတင်ခဲ့ကြောင်း တွေ့ရပါသည်။