ထင်ရှားသည့် မြန်မာသံအဆိုတော်ကြီး ( ဦး ) ရာဇာဝင်းတင့် (အမည်ရင်း ဦးမြင့်အောင်) ယနေ့ကွယ်လွန်
ဦးရာဇာဝင်းတင့် နာမကျန်း ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပြီး ဆေးရုံတက်ရင်းနှင့် ကွယ်လွန် ခဲ့ရတယ်လို့ ကြားသိ ရတယ်လို့ သူနှင့်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ အဆိုတော်ကြီး(ဦး)သန်းမြတ်စိုးက ပြောပါ တယ်။
“ ကျွန်တော် နှင့် အလွန် ရင်းနီး ချစ်ခင် ရ တဲ့ ရာဇာဝင်းတင့် ဆုံးပါး သွားတဲ့ အတွက် ကျွန်တော့်မှာ အလွန် ဝမ်းနည်း ကြေ ကွဲ စွာ ခံစား ရပါ တယ်။ သွားအတူ လာအတူ၊ ကျွန်တော်တို့ လိုင်း ကလဲ ကြိုက်တဲ့ သီချင်းတွေရော ဆို ကြတဲ့ သီချင်းတွေရော အတူတူ ဖြစ်ကြ တယ်ဗျာ ။
ကျွန်တော်က သူ့ ရဲ့ Tone Colour ကို အလွန် နှစ်ခြိုက် ပါတယ်။ ကျွန်တော်တို့ ဂီတလောက အတွက်ရော သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ် အတွက်ရော အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ပါ။
အစားထိုး မရနိုင်တဲ့ လူတစ်ယောက်ပါ” လို့ (ဦး)သန်းမြတ်စိုးက သူ့ရဲ့ မိတ်ဆွေကြီး ကွယ်လွန်မှုနှင့် ပတ်သက်ပြီး Yangon Times ကို တသသ ပြောပြ ခဲ့ပါတယ်။သူဟာ မောင်ဝင်းတင့် အမည်နှင့် မြန်မာ့အသံမှာ ဓာတ်ပြားရဘတေးတွေ စတင်သီဆိုခဲ့သူ တစ်ဦးလည်း ဖြစ် ပါ တယ်။
သူဟာ အဆိုတော်ကြီး(ဒေါ်)ဖြူသီရဲ့ ချစ်လှတဲ့ မောင်ငယ်တစ်ဦးလည်း ဖြစ်ပါတယ်။ အမဖြစ်သူ နှင့်အတူ တေးစီးရီး အချို့မှာလည်း သီဆို ခဲ့ပါတယ်။ မြန်မာသံအဆိုတော်ကြီး(ဦး)ရာဇာဝင်းတင့် ကောင်းရာ သုဂတိ ရောက်ရှိ ပါစေ။