လှူဒါန်းပေးဖို့ ဝယ်ယူထားတဲ့ အောက်စီဂျင်အိုးတွေ ရောက်ရှိလာပြီဖြစ်တဲ့အကြောင်း သတင်းကောင်းမျှဝေလာတဲ့ Ah Boy
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် Ah Boy ကတော့ မကြာသေးခင်အချိန်က ပြည်သူတွေလိုအပ်နေတဲ့ မောက်စီဂျင်တွေကို လှူဒါန်းပေးသွားဖို့ စီစဉ်နေခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့မှာတော့ Ah Boy က သူလှူဒါန်းမယ့် အောက်စီဂျင်နဲ့ ပတ်သက်တဲ့ သတင်းကောင်းလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။
“ကျွန်တော်တို့ညီအကိုနှစ်ယောက်မှ အခမဲ့လှူဒါန်းခြင်းများ/ အခမဲ့ငှါးရမ်းပေးခြင်းများ ပြုလုပ်ပေးရန်အတွက် မှာယူထားတဲ့ အသစ်စက်စက် အောက်စီဂျင်အိုး 40L အလုံး ၁၀၀ နှင့်ဆက်စပ်ပစ္စည်းအစုံ ရန်ကုန်မြို့သို့ရောက်ရှိပါပြီ။
လှူဒါန်းပေးပို့သွားမည့် နေရာများသို့မကြာမီပေးပို့သွားမည်ဖြစ်ပြီး လှူဒါန်းငှါးရမ်းမှုပြုမည့် အိုးများအတွက်အသေးစိတ်အစီစဉ်အား ထပ်မံတင်ပြပေးသွားပါမယ်ခင်ဗျာ” ဆိုပြီး အောက်စီဂျင်အိုးတွေရောက်ရှိလာပြီဖြစ်တာကြောင့် လှူဒါန်းဖို့ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးလာခဲ့တာပါ။
ဒီသတင်းကောင်းလေးနဲ့အတူ “အားလုံး နေကောင်းကျန်းမာပြီး ဒီရောဂါကပ်ဆိုးကြီးကို တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရင်း အကောင်းဆုံး ရင်ဆိုင်ကျော်လွှားကြပါစို့”လို့လည်း ပြည်သူတွေအားတင်းထားကြဖို့လည်း အားပေးထာပါသေးတယ်။ သတင်းကောင်းလေးကို CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
-Zawgyi Font ဖြင့် ဖတ်ရန်-
လႉဒါန္းေပးဖို႔ ဝယ္ယူထားတဲ့ ေအာက္စီဂ်င္အိုးေတြ ေရာက္ရွိလာၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းမွ်ေဝလာတဲ့ Ah Boy
ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္ Ah Boy ကေတာ့ မၾကာေသးခင္အခ်ိန္က ျပည္သူေတြလိုအပ္ေနတဲ့ ေမာက္စီဂ်င္ေတြကို လႉဒါန္းေပးသြားဖို႔ စီစဥ္ေနခဲ့တာ ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။ ဒီေန႔မွာေတာ့ Ah Boy က သူလႉဒါန္းမယ့္ ေအာက္စီဂ်င္နဲ႔ ပတ္သက္တဲ့ သတင္းေကာင္းေလးကို မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ညီအကိုႏွစ္ေယာက္မွ အခမဲ့လႉဒါန္းျခင္းမ်ား/ အခမဲ့ငွါးရမ္းေပးျခင္းမ်ား ျပဳလုပ္ေပးရန္အတြက္ မွာယူထားတဲ့ အသစ္စက္စက္ ေအာက္စီဂ်င္အိုး 40L အလုံး ၁၀၀ ႏွင့္ဆက္စပ္ပစၥည္းအစုံ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိပါၿပီ။
လႉဒါန္းေပးပို႔သြားမည့္ ေနရာမ်ားသို႔မၾကာမီေပးပို႔သြားမည္ျဖစ္ၿပီး လႉဒါန္းငွါးရမ္းမႈျပဳမည့္ အိုးမ်ားအတြက္အေသးစိတ္အစီစဥ္အား ထပ္မံတင္ျပေပးသြားပါမယ္ခင္ဗ်ာ” ဆိုျပီး ေအာက္စီဂ်င္အိုးေတြေရာက္ရွိလာျပီျဖစ္တာေၾကာင့္ လွဴဒါန္းဖို႕ကို ေဆာင္ရြက္ေနျပီျဖစ္ေၾကာင္း အသိေပးလာခဲ့တာပါ။
ဒီသတင္းေကာင္းေလးနဲ႕အတူ “အားလုံး ေနေကာင္းက်န္းမာၿပီး ဒီေရာဂါကပ္ဆိုးႀကီးကို တစ္ေယာက္နဲ႔တစ္ေယာက္ ႐ိုင္းပင္းကူညီရင္း အေကာင္းဆုံး ရင္ဆိုင္ေက်ာ္လႊားၾကပါစို႔”လို႕လည္း ျပည္သူေတြအားတင္းထားၾကဖို႕လည္း အားေပးထာပါေသးတယ္။ သတင္းေကာင္းေလးကို CeleZone ကေန ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။