ဗဟုသုတ

လမ်းတစ်လျှောက်မှာတွေ့တဲ့ အနှေးယာဉ်လုပ်သားတွေနဲ့ ပျံကျဈေးသည်တွေကို ကြက်ဥတွေလှူဒါန်းပေးခဲ့တဲ့ နန်းစန္ဒာလှထွန်း

လမ်းတစ်လျှောက်မှာတွေ့တဲ့ အနှေးယာဉ်လုပ်သားတွေနဲ့ ပျံကျဈေးသည်တွေကို ကြက်ဥတွေလှူဒါန်းပေးခဲ့တဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ မနေ့က ကာလဒါနအလှူလေးအနေနဲ့ ကြက်ဥတွေလိုက်လံလှူဒါန်းခဲ့ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ သူသွားတဲ့ လမ်းတစ်လျှောက်မှာ တွေ့သမျှ ဆိုက်ကားဆရာကြီးတွေ ပျံကျဈေးသည်တွေကို အာဟာရဒါနအလှူအနေနဲ့ ကြက်ဥတွေကို လှူဒါန်းပေးခဲ့တာပါ။

အခုလို အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ “ဟိုတစ်နေ့က မှာထားတဲ့ကြက်ဥတွေ ဒီနေ့ ထွက်လှူဖြစ်တယ်။ အစတုန်းကတော့ လိုအပ်တဲ့ရပ်ကွက်ထဲသွားပြီး တစ်နေရာမှာစုပြီး လှူပေးမလို့ပဲ။

ဒါပေမယ့် ရောဂါအခြေနေကြောင့် လူစုလူဝေးကလုပ်လို့အဆင်မပြေတာနဲ့ လမ်းမှာသွားရင်းတွေ့တဲ့ဆိုက်ကားတွေနဲ့ ပျံကျဈေးသည်တွေကိုပဲလိုက်လှူဖြစ်ခဲ့တယ်။”ဆိုပြီးတော့ အခုလို လိုက်လံလှူဖြစ်ခဲ့တဲ့ အကြောင်းအရင်းနဲ့ အလှူလေးရဲ့ အကျိုးကြောင့် ပြည်သူတွေ ကျရောက်နေတဲ့ ကပ်ဆိုးကြီးကနေအမြန်ဆုံးကင်းလွှတ်ကြပါစေ ဆိုပြီး ဆုမွန်ကောင်းတောင်းထားခဲ့ပါသေးတယ်။

နန်းစန္ဒာလှထွန်းကတော့ အလှူလေးပြုလုပ်ရင်းနဲ့လည်း Mask တွေသေချာမတပ်ထားသေးတာလည်းတွေ့လို့ Maskကို သေသေချာချာတပ်ဖို့နဲ့ မေးမှာမချိတ်ထားဖို့ကိုလည်း လက်လှမ်းမှီသလောက် ပြောပြခဲ့ပါသေးတယ်တဲ့။

ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းရဲ့အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nan Sandar Hla Htun

-Zawgyi Font ဖြင့် ဖတ်ရန်-

လမ္းတစ္ေလွ်ာက္မွာေတြ႕တဲ့ အေႏွးယာဥ္လုပ္သားေတြနဲ႔ ပ်ံက်ေဈးသည္ေတြကို ၾကက္ဥေတြလႉဒါန္းေပးခဲ့တဲ့ နန္းစႏၵာလွထြန္း

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ေလးျဖစ္တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး နန္းစႏၵာလွထြန္းကေတာ့ မေန႔က ကာလဒါနအလႉေလးအေနနဲ႔ ၾကက္ဥေတြလိုက္လံလႉဒါန္းခဲ့ပါတယ္။

နန္းစႏၵာလွထြန္းကေတာ့ သူသြားတဲ့ လမ္းတစ္ေလွ်ာက္မွာ ေတြ႕သမွ် ဆိုက္ကားဆရာႀကီးေတြ ပ်ံက်ေဈးသည္ေတြကို အာဟာရဒါနအလႉအေနနဲ႔ ၾကက္ဥေတြကို လႉဒါန္းေပးခဲ့တာပါ။

အခုလို အလႉေလးျပဳလုပ္ျဖစ္ခဲ့တဲ့ အေၾကာင္းကိုလည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနၿပီးေတာ့ “ဟိုတစ္ေန႔က မွာထားတဲ့ၾကက္ဥေတြ ဒီေန႔ ထြက္လႉျဖစ္တယ္။

အစတုန္းကေတာ့ လိုအပ္တဲ့ရပ္ကြက္ထဲသြားၿပီး တစ္ေနရာမွာစုၿပီး လႉေပးမလို႔ပဲ။

ဒါေပမယ့္ ေရာဂါအေျခေနေၾကာင့္ လူစုလူေဝးကလုပ္လို႔အဆင္မေျပတာနဲ႔ လမ္းမွာသြားရင္းေတြ႕တဲ့ဆိုက္ကားေတြနဲ႔ ပ်ံက်ေဈးသည္ေတြကိုပဲလိုက္လႉျဖစ္ခဲ့တယ္။”ဆိုၿပီးေတာ့ အခုလို လိုက္လံလႉျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းနဲ႔ အလႉေလးရဲ႕ အက်ိဳးေၾကာင့္ ျပည္သူေတြ က်ေရာက္ေနတဲ့ ကပ္ဆိုးႀကီးကေနအျမန္ဆုံးကင္းလႊတ္ၾကပါေစ ဆိုၿပီး ဆုမြန္ေကာင္းေတာင္းထားခဲ့ပါေသးတယ္။

နန္းစႏၵာလွထြန္းကေတာ့ အလႉေလးျပဳလုပ္ရင္းနဲ႔လည္း Mask ေတြေသခ်ာမတပ္ထားေသးတာလည္းေတြ႕လို႔ Maskကို ေသေသခ်ာခ်ာတပ္ဖို႔နဲ႔ ေမးမွာမခ်ိတ္ထားဖို႔ကိုလည္း လက္လွမ္းမွီသေလာက္ ေျပာျပခဲ့ပါေသးတယ္တဲ့။ ပရိသတ္ႀကီးေရ နန္းစႏၵာလွထြန္းရဲ႕အလႉေလးကို ပရိသတ္ႀကီးေတြက သာဓုေခၚဆိုႏိုင္ဖို႔ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။