ဗဟုသုတ

စစ်ဆေးချက်အရ Positive အဖြေထွက်ခဲ့ကာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ ရွှေပိုးအိမ်

ပရိသတ်တွေ ရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ ဒီနေ့မှာ ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေကိုအသိပေးပြောကြားလာခဲ့ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာကိုဗစ် တတိယလှိုင်းကြောင့် တော်တော်များများကကူးစက်မှုခံနေရတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှ ာပါနော်။

ရွှေပိုးအိမ်ကတော့ ဒီနေ့မှာ သူ့ရဲ့ ကိုဗစ် စစ်ဆေးချက်မှာ Positive ထွက်ပြီးကူးစက်ခံလိုက်ရပြီဖြစ်တဲ့အကြောင်း “P သွားပါပြီ။ အရမ်းချမ်းပြီး ဖျားပါတယ်။

မနေ့က အနံ့စပျောက်ပါတယ်။ ချောင်းဆိုးတယ် နှာစေးတယ်။

လက်တွေကိုက်တယ်။ စိတ်ဓါတ်လဲမကျပါဘူး အားလဲမငယ်ပါဘူး။

အကောင်းဆုံးကျော်ဖြတ်မှာပါ။ ဝတုတ်မကြီးဖြစ်လာရင် နောက်မှ ဝိတ်ပြန်ချမှာပါ။

အရှူံးမပေးပါဘူး…ဘယ်တော့မှ” ဆိုပြီး ကူးစက်ခံခဲ့ရပေမဲ့ စိတ်ဓာတ်မကျဘဲ

အကောင်းဆုံးဖြတ်ကျော်သွာ းမှာဖြစ်တဲ့အကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။

ရွှေပိုးအိမ်ရဲ့ ပရိသတ်တွေကလည်း အားမငယ်ဖို့နဲ့ မကြာခင်အချိန်မှာရောဂါကပြန်လည်ပျောက်ကင်းသွားမှာဖြစ်တဲ့အကြောင်း စိတ်ဓာတ်မကျဖို့အားပေးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ရွှေပိုးအိမ်အတွက် အားတက်စေဖို့ အားပေးစကားလေးတွေ ပြောပေးခဲ့ကြ ပါဦးနော်။

Source – Shwe Poe Eain