ဗဟုသုတ

အဖျားပျောက်ပီး အနံ့တွေပြန်ရပီးမှ ရုတ်တရက် သေဆုံးသွားရခြင်းအကြောင်းအရင်း

*** ကိုဗစ်ကနလန်ထပြီးချိန်မှာ ခရီးထွက်တာ လုံးဝမလုပ်ပါနဲ့။

*** ကိုဗစ်ကနလန်ထပြီးချိန်မှာ အားကစား လုံးဝ မလုပ်ပါနဲ့။

*** ကိုဗစ်ကနလန်ထပြီးချိန်မှာ ဝရံတာထွက်ပြီးအအေးခံတာ လုံးဝမလုပ်ပါနဲ့။

*** ကိုဗစ်ကနလန်ထပြီးချိန်မှာ ပြင်းပြင်းထန်ထန်လှုပ်ရှားမှု လုံးဝမလုပ်ပါနဲ့။

စင်ကာပူမှာအသက် (၄၁) နှစ်အရွယ်

အမျိုးသားတစ်ယောက်ဟာ ကိုဗစ်ကနေပြန်ကောင်းလာပြီး ဆေးရုံဆင်းတာနှစ်ပတ်ကျော်ပြီးမှ အဆုတ်မှာသွေးခဲပြီးသေဆုံးသွားခဲ့ပါတယ်။

အဆုတ်ထဲက pulmonary arteryထဲမှာ thromboembolism သွေးခဲလေးကသွားပိတ်တာပေါ့ဗျာ။

စင်ကာပူ NTU တက္ကသိုလ်က သုသေသနပညာရှင်များဟာ ကိုဗစ်ကနေပြန်ကောင်းလာတာ တစ်လလောက်ရှိပြီဖြစ်တဲ့ လူနာအယောက် (၃၀) ကို သွေးနမူနာယူစစ်ဆေးကြည့်ခဲ့ပါတယ်။

သိပ္ပံဂျာနယ် eLife မှာတင်ပြထားရာမှာ အဲ့ဒီလူနာအယောက် (၃၀) စလုံးမှာ သွေးကြောတွေပျက်စီးထားတာတွေ့ရပါတယ်တဲ့။

ဒါဟာ ကိုဗစ်ကိုပြန်တိုက်ရင်း lingering immune response ကနေ သွေးခဲလေးတွေဖြစ်စေခဲ့ပုံရပါတယ်တဲ့

အဲ့ဒီကိုယ်ခန္ဓာထဲမှာကိုဗစ်ကိုတိုက်ရင်း ရှိနေတဲ့သွေးခဲသေးသေးလေးဟာ ရုတ်တရက်ပြုတ်ထွက်သွားပြီး တနေရာမှာသွားပိတ်ရင် အသက်အန္တရာယ်ရှိပါတယ်။

သဘောကတော့ အဲ့ဒီသွေးခဲလေးဟာ နှလုံးသွေးကြောမှာသွားပိတ်ရင် heart attack ရုတ်တရက် နှလုံးထိခိုက်တာဖြစ်ပြီး အသက်ဆုံးနိုင်တယ်။

ဦးနှောက်ထဲမှာသွားပိတ်ရင် ရုတ်တရက် လေဖြတ်နိုင်တယ်။ အသက်ဆုံးနိုင်တယ်။

အခြားကိုယ်အင်္ဂါတစ်ခုခုမှာ သွားပိတ်ရင် အဲ့ဒီကိုယ်အင်္ဂါပျက်စီးပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။

အဲ့ဒီတော့ ကိုဗစ်ကနေ ပြန်ကောင်းလာပြီးရင်လည်း ဂရုစိုက်ကြပါ။

အထူးသဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချိုရှိသူတွေ အဝလွန်သူတွေပိုသတိထားကြပါခင်ဗျား

Richard Myo Thant

လူတစ်ယောက်အဆုတ်ပြန်ကောင်းဖို့ အသက်ငယ် 3 လ အသက်ကြီး 4 လ ကြာတယ်

သတိ

ခုတလောကြားနေရတာက အဖျားပျောက်ပီးအနံ့တွေပြန်ရပီးမှ ရုတ်တရက်ဆုံးသွားရခြင်းအကြောင်းအရင်းကတော့ ဖြစ်နေစဉ်မှာပိုးကဝင်ထားတာကြောင့်အဆုတ်မှာဂျတ်ခဲဖြစ်နေတာပါ……

ဒါပေမဲ့ အဖျားကကျပီးကောင်းသွားလို့လူကောင်းတယောက်လိုလှုပ်ရှားမူများများလုပ်တာရယ် အလေးအပင်မတာရယ်ကြောင့်အဆုတ်မှာဒဏ်ဖြစ်နေတာကမခံနိုင်ပဲရုတ်တရက်သေဆုံးရခြင်းဖြစ်နေတာပါ….

ဒါကြောင့်

အဲ့လိုအဖျား/အနံ့ပျောက်ပီးပြန်သက်သာလာသောသူများ အနည်းဆုံး ၃ လထိ အကြမ်းမခံနိုင်ပါဖူး တတ်နိုင်သမျှငြိမ်ငြိမ်နေရပါ့မယ်…(ဘာလေ့ကျင့်ခန်းလှုပ်ရှားမှုမှမလုပ်ကြပါရန်)တဆင့်စကားတဆင့်ပြောပြရတာပါ

သတိလက်လွတ်မဖြစ်စေချင်လို့စေတနာဖြင့်ရေးပြခြင်းပါ

မြန်မာပြည်သူပြည်သားအားလုံးကပ်ကြီးသုံးပါးမှ အမြန်ကင်းလွတ်ပီးခံစားရသောစိတ်သောကများအမြန်ပျောက်ကင်းရကြပါစေ

Credit to original writer