စစ်တွေ၊ ဇူလိုင် ၃၀။
ယတြာချေသည့်အနေဖြင့် စွန့်ပစ်လိုက်သည့် အဝတ်အစားထုပ်များ ရခိုင်ပြည်နယ် စစ်တွေအနီးကမ်းခြေတွင် ပြန့်ကျဲစွာ သောင်တင်နေသည့် ပုံများ လူမှုကွန်ယက်တွင် ယနေ့ ပြန့်နှံ့လာခဲ့သည်။
တစ်အိမ်တစ်ယောက် သေမည်ဟု အဓိဌာန်ဆရာတော်မှ အိပ်မက် မက်သည်ဆိုသည့် ကောလာဟလများထွက်ပေါ်လာပြီးနောက်တွင် စိုးရိမ်မှုလွန်ကဲလာ သည့်အတွက် အဝတ်တစ်စုံစီအား ရေတွင်မျောကာ ယတြာချေကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလိုပဲ တစ်ယောက်စ နှစ်ယောက်စ ကြားလို့ လုပ်နေကြတာ။
ကမ်းခြေမှာ သွားပစ်ကြတယ်။ ကျွန်မတို့တော့ မလုပ်ဘူး” ဟု စစ်တွေမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ကမ်းခြေတစ်လျှောက် ပြန့်ကျဲနေသည့် အဝတ်ထုတ်များကို လူငယ်များစုပေါင်းကာ ဖယ်ရှားပေးခဲ့ရသည်။
ဓာတ်ပုံ – Nai Gree
Burma Associated Press