ဗဟုသုတ

သရုပ်ဆောင် ဂွမ်းပုံကြီးရဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဦးချစ်ပြုံး ဆုံးပါးကွယ်လွန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ဂွမ်းပုံကြီးရဲ့ ခင်ပွန်းဖြစ်သူ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ဦးချစ်ပြုံးကတော့ ဒီနေ့မှာ ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။

ဦးချစ်ပြုံးကတော့ ဒီနေ့ဇူလိုင်လ (၃၀)ရက်နေ့မနက်(၁၀)နာရီခွဲဝန်းကျင်ခန့်က ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း ဦးချစ်ပြုံးတစ်ယောက်ကွယ်လွန်းသွားတဲ့ ဒီသတင်းလေးကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပြီး ဦးချစ်ပြုံးတစ်ယောက် အေးချမ်းတဲ့ ဘုံဘဝကို ရောက်ရှိစေဖို့ ဆုတောင်းပေးနေကြပါသေးတယ်။

ဦးချစ်ပြုံးတစ်ယောက်ကွယ်လွန်သွားကြောင်း သိရှိရတဲ့အတွက် CeleZone ကနေလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

ဦးချစ်ပြုံးကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့လည်း CeleZone ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးတွေအတွက်လည်း ဒီစိတ်မကောင်းစရာသတင်းလေးကို ဝမ်းနည်းစွာနဲ့ပဲ မျှဝေဖော်ပြပေးလိုက်ပါတယ်။

ဦးချစ်ပြုံးတစ်ယောက် ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Hay Mar Mann Win

-Zawgyi Font ဖြင့်ဖတ်ရန်-






