News

“ဒီနေ့ ကွယ်လွန်သွားတဲ့ ဒါရိုက်တာ အောင်ဗပါဝါ အတွက် ဟန်ထူးဈာန် ရေးတဲ့စာ”

ဒါရိုက်တာ အောင်ဗပါဝါ ကိုဗစ်ကြောင့် ကွယ်လွန်ကြောင်း အဆိုတော် ဟန်ထူးဈာန်က အခုလို ရေးသားခဲ့ပါတယ် 😢😢😢

“သားမငိုဘူးဆရာ

သားမှာဆရာနဲ့တသက်စာအမှတ်တရတွေရှိတယ်

သားဆရာက်ိုတကယ်ချစ်တာဆရာသိတယ်

သားရဲ့ ပထမဆုံး သရုပ်ဆောင်အဖြစ်ရိုက်ခဲ့တဲ့

#မှော်ပလ္လင် ဇာတ်လမ်းတွဲကိုဆရာရိုက်ပေးခဲ့တယ်

#စိတ် ဆိုတဲ့ မှော်ပလ္လင် ဇာတ်ဝင်တေးသီချင်း

အတူတူဖန်တီးခဲ့တယ်

ပထမဆုံးဆိုတော့လိုမှာဆိုးလို့ ဘယ်လိုသရုပ်ဆောင်ရမလည်း လုပ်ရမလည်းမေးတိုင်း#စကြာ ဇာတ်ကောင်ကမင်းနဲ့တကယ်တပုံစံတည်းဘာအိုက်တင်မှလုပ်မနေနဲ့တဲ့ ဆရာအမြဲပြောတယ်

ဆရာနောက်ဆုံးအခုရိုက်ခဲ့တဲ့ #မကြေးစည် ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေး သားဆရာကို သွင်းပေးခဲ့တယ်

ဆရာနားထောင်သွားပြီး အရမ်းအားရနေခဲ့တာ ဆရာ နားချင်ပြီမြန်မြန်သွင်းပေးပါကွာတဲ့ တရားကျင့်ဖို့ထွက်တော့မှာတဲ့လေ အခုတော့အပြီးကိုထွက်သွားပြီ

ဒီနေ့မနက် သားဆရာကို အားရှိအောင်ကိုယ်တိုင်ဝယ်ပြီး ကြက်သံပုရာတိုက်ခဲ့တယ် ဆရာထသောက်ရှာတယ် ရင်တွေပူလို့တညလုံးမအိပ်ခဲ့ရဘူး

အန်တီဘယ်အချိန်ဖုန်းဆက်မလည်းမသိလို့စိတ်ပူလို့ မနက်တည်းကအကုန်စီစဉ်ထားပြီး အိမ်ကမသိအောင်ခိုးထွက်ပြီး အန်တီနဲ့အောက်စီဂျင်လိုက်ရှာပေးခဲ့တာနှစ်အိုးလုံးရခဲ့တော့ စိတ်ချပြီး ခနအိမ်ပြန်လာ ဆေးထိုးပေးဖို့ဆရာဝန်ရှာ လိုလိုမယ်မယ် Oxygen တွေရှာနေတာအခုထိပါ

ဆရာသမားတိုင်းကိုကိုယ့်အဖေလိုကိုရင်ထဲက ချစ်တာပါ

အဖေတယောက်လိုချစ်ရတဲ့ဆရာတယောက်ကိုဆုံးရှုံးလိုက်ပြန်ပါပြီ

မှော်ပလ္လင် ဒုတိယတွဲရိုက်ဖို့ရှိတယ်တဲ့လေ အခုတော့ ဆရာရော

ဘထွေးရော (ဦးလူမုန်း) ဦးအောင်ဇော် (တထွာန)ကြီးရော သုံးယောက်တောင် မရှိတော့ဘူး

သားချစ်တဲ့သူတွေအတွက်ဆို ဘာရောဂါမှလည်းမကြောက်ပါဘူး တကယ်ပါ သူတို့အသက်ရှင်နေရင်တော်ပြီဆိုတဲ့စိတ်နဲ့ ဆရာဆီသား လာခဲ့တာလေဆရာရယ်

ဆရာ ရွတ်ခိုင်းတဲ့ သံဗုဒ္ဓေ ဂါထာတော်ကို သားဝါတွင်းသုံးလ အဓိငှာန်ထားတယ်နော်ဆရာ လိုပြောခဲ့တယ်

ဆရာရွတ်ခိုင်းတာမလို့ အဲ့ကုသိုလ်တွေဆရာရမှာနော်လိုတဖွဖွပြောပေးနေတာ သားတကယ်လုပ်နေတာမလို့ အဲ့ကုသိုလ်တွေ တကယ်ရမှာနော်ဆရာ ကောင်းရာဘုံဘဝမှာ အေးချမ်းနေမှာ ယုံကြည်ပါတယ်”