News

“ကချင်ပြည်နယ် နန့်စီးအောင်အနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၊မုန်ဟင်းခါးပွဲတွေ များ၊လိုက်ပွဲတွေလည်းပါ”

ရန်ကုန်၊ ဇူလိုင် ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းစီးအောင်စစ်ဆေးရေးဂိတ်အနီး လွှဲကူးတောင်တွင် ဇူလိုင်လ ၃၀ ရက် ယနေ့နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ကားတစ်စီး လမ်းဘေးလွင့်စင်ပျက်စီးပြီး စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရကြောင်း မျက်မြင်သက်သေတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဓါတ်ပုံနှင့်တကွ သတင်းပေးပို့လာသည်။

“စစ်ကောင်စီ ကား ၅ စီးတန်းလာတာ၊ မိုင်းဆွဲခံရတယ်၊ တစ်စီးက လမ်းဘေးထိုးကျတယ်၊ အဲ့တစ်စီးပေါ်က ၈ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရတယ်၊ လူနာတင်ကားတွေနဲ့ သယ်သွားတယ်” ဟုမျက်မြင်တွေ့ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သို့ ပြောဆိုသည်။

ယမန်နေ့က နန့်စီးအောင် စစ်ဆေးရေးဂိတ်အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဝေးပြေးဘတ်စ်ကားတစီးပျက်စီးခဲ့သည်။

နန့်စီးအောင် စစ်ဆေးရေးဂိတ်သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မိုးညှင်းမြို့နယ်အတွင်းတွင် ရှိသည်။