ရုပ်သံဌာနတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျန်းမာရေးဆိုင်ရာတွေနဲ့ အထူးသဖြင့် ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဖြန့်ဝေပြောကြားပေးတဲ့ ဒေါက်တာမြင့်ဦး (GP) ဒီကနေ့ ဇူလိုင် ၃၀ရက် မနက် အစောပိုင်းက ဂျပန်ဆေးရုံကြီးလို့လူသိများတဲ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တယ်လို့ သမီးဖြစ်သူက အတည်ပြုပါတယ်။
Save Myanmar Childern Foundation ရဲ့ဦးဆောင်သူတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာမြင့်ဦး ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ် ရှိပြီဖြစ်ပါတယ်။
ဒေါက်တာမြင့်ဦး ဟာ ကိုဗစ်ကူးစက်မှုခံရပြီးတဲ့နောက် နှစ်ပတ်ကျော်ဆေးရုံတက်ရောက်ကုသပြီးအောက်ဆီဂျင်ကျပြီးဆုံးပါးခဲ့ရတာလို့ သိရပါတယ်။
ဒေါက်တာမြင့်ဦးဟာကျန်းမာရေးဆိုင်ရာတွေအတွက် အမြဲတက်တက်ကြွကြွနဲ့ အသိပညာဖြန့်ဝေသူဖြစ်လို့ အများပြည်သူကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝမ်းနည်းကြောင်းရေးသားနေကြသလို၊ ဆေးလောက အသိုင်းအဝိုင်းအတွက်လည်းဆုံးရှုံးမှုတစ်ခုလို့ပြောဆိုရေးသားနေကြပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ – Social Media
ဒီသတင်းနဲ့ အတူ တိုက်ရိုက်သတင်းများတင်ဆက်မှု