ဗဟုသုတ

ဖခင်ဖြစ်သူ ကွယ်လွန်သွားကြောင်း ကြေကွဲဝမ်းနည်းစွာနဲ့ ပြောပြလာတဲ့ အဆို တော်လင်းလင်း

ဖခင်ဖြစ်သူ ကွယ်လွန်သွားကြောင်း ကြေကွဲဝမ်းနည်းစွာနဲ့ ပြောပြလာတဲ့ အဆို တော်လင်းလင်း

အဆိုတော် လင်းလင်းကတော့ သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူတစ်ယောက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့တစ်ခဲနက် အားပေးမှုတွေကိုသိမ်းပိုက်ရရှိထားတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလည်းကျရာအခန်းကဏ္ဍကနေ တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်ကြောင့်လမ်းမပေါ် ထွက်ကာပြည်သူတွေနဲ့အတူရင်ထဲက ဆန္ဒအမှန်တွေကိုထုတ်ဖော်ပြသခွင့်မရတာကြောင့်လည်းစိတ်မကောင်းဖြစ်နေတာလည်းဖြစ်ပါတယ်။

သို့ပေမယ့်လည်းလိုအပ်တဲ့ အကူအညီမှန်သမျှကို နောက်ကွယ်ကနေကူညီပေးနေတာကြောင့်လည်း ပရိသတ်တွေအားလုံးကလေးစားနေကြတာလည်းဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာထက်တွင်ပျောက်ကွယ်နေပေမယ့်လည်းပြည် သူ့ဝန်ထမ်းတွေအတွက်တတ်နိုင်သလောက်ကူညီဆောင် ရွက်ပေးနေတာ အားလုံးအသိဖြစ်ပါတယ်။

ယခုမှာဆိုရင်တော့ဖြင့်လင်းလင်းဟာ သူ့ရဲ့ ကျေးဇူးရှင် ဖခင်ကြိး ကွယ်လွန်သွားကြောင်းကို စိတ်မကောင်းစွာနဲ့ လူမှုကွန်ရက်မှာ ဖော်ပြလာတာပဲဖြစ်ပါတယ်။

ကိုလင်းလင်းရဲ့ ဖခင်ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးရင်း မြန်မာသူမြန်မာသေးတွေလည်း လက်ရှိအခြေအနေဆိုးမှ အမြန်ဆုံးကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။