ဇူလိုင် ၂၉ ရက်
မွန်ပြည်နယ် သထုံမြို့နယ် စခန်းကြီးကျေးရွာအုပ်စု တောင်ကြားလမ်းမှာ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကို ဇူလိုင် ၂၇ ရက်၊ ည ၈ နာရီ ခန့်က အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
“ည ၉ နာရီခွဲတုန်းက အနီးအနားကရွာတွေ ထိတ်လန့်ခဲ့တာ ရေပိုက်ပြတ်တာလည်းမဟုတ်၊ ဂတ်ပိုက်လည်းမဟုတ် ရေနံတွေချောင်းပေါက်ထွက်သွားတာ အနံ့တအားထွက်သလို အသံက ဝုန်းဒုန်းကြဲကြားရတယ်။ ညကကတည်းက ပြေးခဲ့ရတဲ့လူတွေလည်း အများကြီး။ ညကတည်းက အိပ်လို့မရဲဘူး။
အသံနဲ့လူတွေကို နှိပ့်စက်နေတယ်။ မိုးလင်းတော့ သွားကြည့်လိုက်တာ ရေနံတွေ ဖြစ်နေတယ်။ စစ်ကောင်စီလက်ချက်ပဲဖြစ်နိုင်တယ်။ PDF မှာဒါမျိုးလက်နက်မရှိနိုင်ဘူး”ဟု သထုံမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဆက်သွယ်ပြောဆိုသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု တောင်ကြားလမ်းမှာ သွယ်တန်းထားတဲ့ စရေနံပိုက်သက်တမ်းမှာ အတော်ကြာနေပြီးဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပေါ်ပြီးမှသာ ကျေးရွာအနီးတဝိုက်မှာ ပိုင်းလိုင်းရှိကြောင်း သိရသည်ဟု ဒေသခံများက ဆိုသည်။
ရေနံပိုက်လိုင်း ပေါက်ကွဲမှုသည်စစ်ကောင်စီလက်ချက်ဖြစ်ပြီး PDF ကို လွှဲချနေတယ်လို့လည်း ဒေသခံများမှ ဝေဖန်မူတွေရှိနေကြောင်း သိရသည်။
ရုပ်သံ ကြည့်ရှုရန်
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ လက်ချက်လား PDF လက်ချက်လား ဆိုတာကိုဧရာဝတီတိုင်းမ်သတင်းဌာနက အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဗွီဒီယို – CJ
#AyeyarwaddyTimes #ရေနံပိုက်လိုင်း #ဖောက်ခွဲဖျက်ဆီး