နာမည်က ကိုသီဟ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ရွာမှာနေပြီး
အောက်ပိုင်းကမသန် မာန်မလျော့ပဲ ဖအေဖြစ်သူအတွက်နံနက် ၆နာရီကတည်းက အောက်ဆီဂျင်ပေးတယ်ဆိုတဲ့နေရာမှန်သမျှ ဆိုင်ကယ်လေးနဲ့ ရလိုရငြား သွားခဲ့ပေမဲ့
ဟိုကမောင်းထုတ် ဒီကနှင်လွှတ်တာကိုခံရတဲ့ ကိုသီဟ မသန်ပေမဲ့စွမ်းလိုက်တာ ဖခင်အတွက် ညကတည်းကတစ်ရေးမှမအိပ် ထမင်းမစားပဲ အောက်ဆီဂျင်ရှာခဲ့တာ နေရာစုံရောက်ခဲ့ပေမဲ့ ဖခင်အတွက် အောက်ဆီဂျင်မရခဲ့တဲ့ ကိုသီဟ သီရိဆင်ကာ လှုမှုကူညီရေးအသင်းကို ညနေ4:19 ရောက်လာခဲ့ပြီး
သူ့ရဲ့ ဇွဲလုံလ ဖအေအပေါ်မှာ ထားတဲ့ စေတနာကြောင့် သူလိုချင်တဲ့ အောက်ဆီဂျင် ပေးနိုင်ခဲ့လို့ ကြည်နူးပီတိများနှင့်အတူ ကိုသီဟကို လေးစားမိပါကြောင်း
ဂုဏ်ပြုအပ်ပါသည်။
အောက်ဆီဂျင်ရပြီး ကျွန်တော်လက်လေးကို ဆွဲလို့ ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့အချိန် သူရဲ့ ပျော်ရွှင်မှု့ ကျွန်တော်တို့အသင်းသားများရဲ့ပီတိ ခန့်မှန်းသာ ကြည်ကြပါတော့ဗျာ
ရုပ်သံကြည့်ရန်
ကိုသီဟ မိသားစုအား ကူညီလိုပါ ကမန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ရွာ ကိုသီဟ ဖုန်း 09256293556
ပေါက်စိ(မန်းပန်တျာ)09963688878
09775122667
သီရိဆင်ကာလူမှု့ကူညီရေး အသင်းအမရပူရမြို့
ကိုသီဟ၏ ခွင့်ပြုချက်ဖြင့် အားလုံးမိဘအတွက် ပေးဆပ်နိုင်ကြပါစေ🙏🙏🙏