News

“အဆိုတော် တင်ဇာမော် ရဲ့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းနွယ် ကွယ်လွန်”

ယနေ့ ဇူလိုင်လ ၂၈ ရက် ည ၁၀ နာရီ ကျော်မှာ အဆိုတော် “တင်ဇာမော်”ရဲ့ မိခင်ကြီးဟာ COVID-19 ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ စိတ်မကောင်းစွာသိရပါတယ် ။

“မေမေ‌ရေ…

မေမေ့ကို သမီးသန့်ရှင်းရေးလုပ်ပေးမယ်နော်..

ဟယ် သမီးက မေမေ့ဒီနားလေးကနေထွက်လာတာနော်..

ဟုတ်တယ်မို့လားမေမေ..

ခုတော့ မေမေက သမီးရဲ့ ကလေးလေးနော် ပိုးလေးလိုမွေးထားရတာနော်.. အားတင်းထားပေးနော်မေမေ…

တစ်ကယ်တမ်းလက်တွေ့မှာ မေမေအရမ်းပင်ပန်းလှပါပြီ..

အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဆရာ၊ဆရာမတွေ၊ အတတ်နိုင်ဆုံးကူညီပေး အားပေးခဲ့ကြတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ပရိသတ် များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

မေမေ ကောင်းရာဘုံဘဝမှာ အေးငြိမ်းချမ်းသာပါစေ ” လို့ တင်ဇာမော် က သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှ တဆင့် ပရိသတ်ကို အသိပေးခဲ့ပါတယ်။

မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

အန်တီကောင်းရာသုဂတိလားပါစေ 😢🙏