နာမည်ကျော် “နှင်းဝေတဲ့ဆောင်း” သီချင်းရေးဖွဲ့သူ တေးရေးဆရာတိုနီတင်မှာ ယနေ့(ဇူလိုင် ၂၈ ) ရက်တွင် ကွယ်လွန်ခဲ့သည်။
၄င်းအနေဖြစ် မည်သည့်ရောဂါကြောင့် ကွယ်လွန်ခဲ့သည်ဆိုခြင်းကို မဇ္စျိမက သီးခြားအတည်ပြုလျှက်ရှိသည်။
နာမည်ကျော် အဆိုတော် ခိုင်ထူး၏ ရွှေလည်တိုင်တေးစီးရီးတွင် သီချင်းကောင်းတစ်ပုဒ်အဖြစ်ပါ၀င်ခဲ့သလို ယင်းစီးရီတွင်လည်း “ အလွင့်တွေထဲမှာ ငါတစ်ယောက်တည်း” သီချင်းကို လည်း ရေးစပ်သီကုံးခဲ့သူတစ်ဦးဖြစ်သည်။
“ နှင်းဝေတဲ့ ဆောင်း” သီချင်းကို ခိုင်ထူးသီဆိုပြီးနောက်ပိုင်း အဆိုတော် ဆုန်သင်းပါရ်နှင့် အဆိုတော်ဂျူ၀ယ်တို့က ပြန်လည်သီဆိုရာ လူကြိုက်များခဲ့သည်။