ရင်ကွဲရပါပြီးကလေးတို့ရယ်…😭
ဆန်းလေးလုံးထုတ်လေးတထုတ်ရဖို့ မိုးရွာကြီးထဲမနက်လေးနာရီထပြီး နှစ်နာရီကျော်လမ်းလျှောက်လာရသတဲ့လား..
ထုံးစံအတိုင်း ကျွန်တော့်ကုသိုလ်ပြုဆေးခန်းလေးရှေ့ဆန်တွေဝေဖို့ ဟာ
ဒီမနက် မိုးတွေကသည်းကြီးမဲကြီးကိုရွာချနေတာကြောင့် ဆန်လာတန်းစီတဲ့ကလေးတွေ မလာလောက်ဘူးထင်ပြီးမနက်ခြောက်နာရီထိစောင်ထဲမှာ ကျွန်တော်ကွေးနေမိတယ်၊
မိုးတွေကပွက်လောရိုက်အောင်ရွာချနေလို့ စိတ်ထဲမှာထင့်လာမိတယ်၊
အရှေ့မှာဆန်ရဖို့တန်းစီမယ့်ကလေးတွေရောက်များနေမလားဆိုတဲ့စိုးရိမ်စိတ်ပေါ့..
ဒါနဲ့လူးလဲထပြီးထီးလေးဆောင်ကာထွက်ကြည့်မိပါတယ်…
ထင်တဲ့အတိုင်းပါပဲ ဟိုနေ့က သူတို့အမေနေမကောင်းလို့ဆိုပြီး ဆေးလာတောင်းတဲ့ကရင်လေးတွေ မိုးရေထဲမှာ ငုတ်တုပ်လေးတွေထိုင်စောင့်နေကြတယ်၊
မိုးတွေစိုရွှဲနေတဲ့ကရင်လေးနှစ်ယောက်ကခိုက်ခိုက်တုန်အောင်ချမ်းနေတယ်…
ဒီမြင်ကွင်းကိုမြင်ပြီးကျွန်တော်မျက်ရည်မကျပဲမနေနိုင်ဘူး၊
သူတို့အမေကဖျားနေတော့ အိမ်မှာကစားစရာမရှိဘူး…သောက်စရာဆေးမရှိဘူး…
ဒီလိုအခက်ခဲတွေနဲ့ကြုံတွေ့နေရသူတွေဘယ်လောက်တောင်များနေပြီလဲ…
ခုတော့ ဒီကရင်လေးတွေဗိုက်လည်းအတော်ဆာနေတာမို့ ပဲကုလားဟင်းပူပူ၊ငံပြာရည်ကျော်တို့စရာနဲ့ထမင်းပါကျွေးဖို့စီစဥ်နေပါတယ်…
တေးရေးမင်းကို (ခ)မင်းခေတ်မင်း
အနုပညာသစ်ပြတိုက်ဖောင်ဒေးရှင်း
နယ်လှည့်နှလုံးလှဆရာဝန်များအဖွဲ့
09793926812.09255438144
24.7.2021