ဗဟုသုတ

ကိုဗစ်လူနာတွေ ခက်ခဲစွာ ရင်ဆိုင်နေရတဲ့ အောက်ဆီဂျင်မလုံလောက်မှု ပြဿနာကို ဖြေရှင်းရန် အလှူငွေ သိန်းပေါင်း ၅၀၀ ထိ ပါဝင်ကာ လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

Covid -19 ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက ပြည်သူတွေ အလူးအလဲ နေ့ရော ညရော ကြုံတွေ့ ရင်ဆိုင်နေကြရပါ တယ် ။

အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် အသက်သေဆုံးနေကြတာကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ကြရမှာပါ

ဒါ့ကြောင့် ခုဆိုရင် တတ်နိုင်သလောက် အလှူရှင် ပြည်သူတွေ အသင်း အဖွဲ့တွေ ပူးပေါင်းပြီး အောက်ဆီဂျင် လုံလောက်အောင် ဝယ်ယူလှူဒါန်းမှုတွေ ၊ စက်ရုံတည်ဆောက်မှုတွေ ပြုလုပ်နေပါပြီ။ ဒီလို လှူဒါန်းကြသူတွေအထဲမှာ စမိုင်းလ်လည်း အပါအဝင်ပါပဲ ။

စမိုင်းလ်က အောက်ဆီဂျင်ဝယ်ယူရန် အတွက် အလှူငွေ သိန်း (၄၀၀) အပြင် စက်ရုံဆောက်လုပ် အတွက်ပါ သိန်း (၁၀၀) ထပ်မံလှူဒါန်းခဲ့တာကို ပီတိဖြစ်စွာတွေ့ရပါတယ် ။

အလှူနဲ့ ပတ်သက်ပြီး ” အခုချိန်မှာအလိုအပ်ဆုံးဖြစ်နေတဲ့အောက်စီဂျင်ဝယ်ရန် အလှူငွေ သိန်း ၄၀၀ နှင့် အောက်စီဂျင်စက်ရုံဆောက်လုပ်ရန်အတွက် အလှူငွေ သိန်း ၁၀၀ ပါဝင်ကုသိုလ်ပြုလှူဒါန်းထားပါတယ်။

ဤသို့လှူဒါန်းရသောကြောင့်ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးကင်းဝေးကြပါစေ ဆက်လက်ပြီးတတ်နိုင်သမျှကြိုးစားပြီးလှူဒါန်းသွားပါမယ်ရှင်။ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

-Zawgyi Font ဖြင့်ဖတ်ရန်-

ျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ ေအာက္ဆီဂ်င္မလုံေလာက္တဲ့ ျပႆနာကို ေျဖရွင္းရန္ အလႉေငြ သိန္းေပါင္း ၅၀၀ ထိ ပါဝင္ကာ လႉဒါန္းေပးခဲ့တဲ့ စမိုင္းစ္

မြန္ျမတ္လိုက္တာ 🙏

Covid -19 ေရာဂါေၾကာင့္ ေအာက္ဆီဂ်င္ မလုံေလာက္တဲ့ ျပႆနာေတြကို ေနရာ အႏွံ႔အျပားက ျပည္သူေတြ အလူးအလဲ ေန႔ေရာ ညေရာ ႀကဳံေတြ႕ ရင္ဆိုင္ေနၾကရပါ တယ္ ။ ေအာက္ဆီဂ်င္ ျပတ္လပ္မႈေတြေၾကာင့္ အသက္ေသဆုံးေနၾကတာကိုလည္း စိတ္မေကာင္းစြာ ေတြ႕ျမင္ၾကရမွာပါ

ဒါ့ေၾကာင့္ ခုဆိုရင္ တတ္ႏိုင္သေလာက္ အလႉရွင္ ျပည္သူေတြ ၊အသင္း အဖြဲ႕ေတြ ပူးေပါင္းၿပီး ေအာက္ဆီဂ်င္ လုံေလာက္ေအာင္ ဝယ္ယူလႉဒါန္းမႈေတြ ၊ စက္႐ုံတည္ေဆာက္မႈေတြ ျပဳလုပ္ေနပါၿပီ။ ဒီလို လႉဒါန္းၾကသူေတြအထဲမွာ စမိုင္းလ္လည္း အပါအဝင္ပါပဲ ။

စမိုင္းလ္က ေအာက္ဆီဂ်င္ဝယ္ယူရန္ အတြက္ အလႉေငြ သိန္း (၄၀၀) အျပင္ စက္႐ုံေဆာက္လုပ္ အတြက္ပါ သိန္း (၁၀၀) ထပ္မံလႉဒါန္းခဲ့တာကို ပီတိျဖစ္စြာေတြ႕ရပါတယ္ ။

အလႉနဲ႔ ပတ္သက္ၿပီး ” အခုခ်ိန္မွာအလိုအပ္ဆုံးျဖစ္ေနတဲ့ေအာက္စီဂ်င္ဝယ္ရန္ အလႉေငြ သိန္း ၄၀၀ ႏွင့္ ေအာက္စီဂ်င္စက္႐ုံေဆာက္လုပ္ရန္အတြက္ အလႉေငြ သိန္း ၁၀၀ ပါဝင္ကုသိုလ္ျပဳလႉဒါန္းထားပါတယ္။

ဤသို႔လႉဒါန္းရေသာေၾကာင့္ကပ္ေရာဂါဆိုးႀကီးေဘးမွအျမန္ဆုံးကင္းေဝးၾကပါေစ ဆက္လက္ၿပီးတတ္ႏိုင္သမွ်ႀကိဳးစားၿပီးလႉဒါန္းသြားပါမယ္ရွင္။ ” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။