ဗဟုသုတ

ရောဂါကပ်ဆိုးကင်းဝေးပြီး နတ်တို့ချစ်ခင်သည့် မဟာသမယသုတ် ရွတ်ဆိုပူဇော်ခြင်း အကျိုးများ

မဟာသမယသုတ်ကို ရွတ်ဖတ်ပူဇော်ပါက ”ဒေဝတာနံံ = နတ်တို့သည် ၊ ပီယံ = ချစ်အပ်၏ ။ မနာပံ = စိတ်ကိုပွားစေတတ်၏ (ဝါ) စိတ်ဖြင့် ရောက်အပ်၏။ ဤကဲ့သို့ အဋ္ဌကထာဆရာ မိန့်ဆိုထားသောကြောင့် ကောင်းမြတ်သော မင်္ဂလာတရားများ ဖြစ်ပေါ်စေရန် ”မဟာသမယသုတ်”ကို ရွတ်ဆိုရမည်။

နတ်တို့သည် =ချစ်အပ်သည်၏အဖြစ် ၊ စိတ်ကိုပွားစေတတ်သည်၏အဖြစ်ကို ရစေနိုင်သော ”မဟာသမယသုတ်တော်” ကို ရွတ်ဆိုပူဇော်ကြကုန်လော့။

“မဟာသမယသုတ်တော်ကြီးကို နာယူခွင့်ကြုံခဲ့ရတဲ့နတ်တွေ ဗြဟ္မာတွေက အဲ့ဒီတုန်းက “ဘုရား ရဟန္တာတွေကို ရှိခိုးကြရတာကို ပြန်သတိရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကြလိမ့်မည် “သူတို့တွေ ဝမ်းမြောက်ဝမ်းသာဖြစ်ကြတာနဲ့အမျှ ဒီလိုကုသိုလ်တွေကို ပြန်လည်သတိရစေတဲ့ …

ဗုဒ္ဓဘုရားရှင်ရဲ့ မဟာသမယသုတ်တော်ကြီးကို ရွတ်ဆိုပွားများကြတဲ့ ပုဂ္ဂိုလ်အားလုံးကိုလည်း ကျေးဇူးတတင်နဲ့ ကူညီကြမည်မှာ သေချာလှပါသည်။

ဒီလိုမျိုး နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့က ကိုယ့်နီးပတ်ဝန်းကျင်မှာ ဝန်းရံစောင့်ရှောက်ကြမယ်ဆိုရင် ဘေးဆိုး ၊ အန္တရာယ်ဆိုး ၊ ရောဂါဆိုးအပါဝင် မကောင်းတဲ့အရာအားလုံး ကိုယ့်ကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပေ။

အခုလို ( ကိုဗစ် – ၁၉ ) ရောဂါဆန်းဆန်းပြားပြားတွေ ဒုက္ခပေးနေတဲ့အချိန်မှာ “မဟာသမယသုတ်တော်” “ရတနသုတ်တော်” “မေတ္တသုတ်တော်”တို့ကို ရွတ်ဆိုပွားများကာ သစ္စာ , မေတ္တာတို့၏ တန်ခိုးတော် ၊ အစွမ်းသတ္တိတို့ကို ခံယူတော်မူကြကုန်လော့။