unicode
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် သက်မွန်မြင့် ကတော့အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်ကားကောင်းများစွာကိုရိုက်ကူးထားပြီး ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။
သက်မွန်မြင့် ကတော့အားကိုးအားထားရတဲ့ချစ်ခင်ပွန်းဖြစ်သူနဲ့ ချစ် စရာကောင်းကြတဲ့ သားသားနဲ့မီးမီးကိုလဲပိုင်ဆိုင်ထားပါသေးတယ်။ သက်မွန်မြင့် ကတော့စိတ်ထားကောင်းပြီးအလှူအတန်းတွေမှာလဲ ရှေ့ဆုံးကနေပါဝင်ပြီးပြည် သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြလေ့ရှိပါတယ်..။
သက်မွန်မြင့် ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီးလူထုလှုပ်ရှားမှုတွေမှာ ကျန်းမာရေးမကောင်းတဲ့ကြားက အားတက်သရော ပါဝင်ခဲ့တဲ့မတွက်ကြောင့်ပုဒ်မ ၅၀၅ (က) နဲ့မတရားအမှုဖွင့်အရေးယူခြင်းခံရတာကြောင့် လဲဘေးလွှတ်ရာကိုတိမ်းရှောင်နေရပါတယ်။ မကြာသေးမီကလဲတရားစွဲဆို ထားတဲ့ သက်မွန်မြင့် ကိုအမှုကနေ ရုတ်သိမ်းပေးလိုက်ကြောင်းသိရှိရပါတယ်..။
အခုတစ်ခါမှာဆိုရင်လဲ သက်မွန်မြင့် ကပြည်သူတွေအားတင်းထားကြဖို့ကိုလဲ BeStrong ဟုဆိုပြီးသူမရဲ့ရုပ်ပုံနဲ့တကွလူမှုကွန်ယက် မှာရေးသားဖော်ပြထားပါတယ်။
သက်မွန်မြင့် တစ်ယောက်လဲကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာပါစေလို ့ဆုတောင်းပေးရင်းစာဖတ်ပရိတ်သတ်ကြီးအတွက် ဒီသတင်းကိုတင်ဆက်ပေးလိုက်ပါ တယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။