မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် အုပ်ချုပ်ရေးမှူးကို ယနေ့ ဇူလိုင်လ (၂၇)ရက် ညနေပိုင်းက နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သတင်းရရှိသည်။
ထောက်ခံစာလုပ်မည်ဟုဆိုကာ ၁၂ × ၈၆ ဝန်းကျင်ရှိ ၎င်း၏ နေအိမ်သို့ လူနှစ်ဦးရောက်လာကာ သေနတ်ဖြင့် အနည်းဆုံး သုံးချက်ပစ်ခတ်သွားသည်ဟု သိရကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
” အခု ရပ်ကွက်ထဲမှာ နှုတ်ဆက်တဲ့စကားက နေကောင်းလား၊ ကျန်းမာလား မဟုတ်တော့ဘူး။ အုပ်ကြီး သေလား မသေဘူးလားဆိုပြီး နှုတ်ဆက်နေကြပြီ ” ဟု ၎င်းက ဆိုသည်။
အုပ်ချုပ်ရေးမှူးအား မည်သူတို့က ပစ်ခတ်သွားသည်ကို မသိရသေးပေ။
ပုံစာ၊ ဖေဖော်ဝါရီလအတွင်းက မင်းတဲအီကင်းရပ်ကွက်ရုံးဝန်းကျင်ကို တွေ့ရစဉ်။