Cele News

“အဆိုတော် အောင်လ လက်လုပ်ဗုံးစမ်းသပ်ရင်း ထိခိုက်မိတယ်ဆိုတဲ့ သတင်းကို ဝိုင်းစု ရှင်းပြီ”

နိုင်ငံကျော်အဆိုတော်အောင်လဟာ ဇူလိုင် ၂၇ရက်နေ့မှာ လက်လုပ်ဗုံးစမ်းသပ်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို ထက်ကောင်းစံဆိုတဲ့ အကောင့်ပိုင်ရှင်က သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ စတင်ဖြန့်ဝေခဲ့ပါတယ်။

“S.I.Rထဲက နောက်တစ်ယောက်မဆုံးရှုံးချင်ဘူး။ အောင်လ “Reason” လက်လုပ်ဗုံးစမ်းသပ်ရင်းထိခိုက်မိတာလို့သိရပါတယ်။ အမြန်ဆုံးသက်သာပါစေ ကိုအောင်”ဆိုပြီး ရေးသားထားပါတယ်။

အဲ့ဒီပို့စ်ကို Like လုပ်ခဲ့သူ ၁၂၀၀၊ ပြန်လည်မျှဝေသူဟာ ၇၀၀လောက်ထိရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံကျော်အဆိုတော်အောင်လရဲ့ ဇနီးဖြစ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ “ကိုအောင်လ ဘာမှမဖြစ်ပါဘူးCovid ဖြစ်နေတာကလွဲရင် အကောင်းကြီးပါ။ ဗုံးလဲမပေါက်ပါဘူး။ covid ဖြစ်လို့ရော မဖြစ်ခင်တည်းက အပြင်ကိုမထွက်ဖြစ်တာ။

ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာ လိမ်လို့ရတဲ့အရာလည်းမဟုတ်ဘူး။သေချာရေရာမသိပဲ တင်ချင်ရာတွေ ခေါင်းစဉ်တပ်ပြီး လျှောက်မတင်ကြပါနဲ့တော့၊

လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါ” ဆိုပြီး ပြန်လည်ဖြေရှင်းထားပါတယ်။

ဒါကြောင့် အဆိုတော်အောင်လ လက်လုပ်ဗုံးစမ်းသပ်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားပဲဖြစ်ပါတယ်။