ဗဟုသုတ

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း တိုကျိုအိုလံပစ်ပွဲမှာ ဆန္ဒပြ…

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း တိုကျိုအိုလံပစ်ပွဲမှာ ဆန္ဒပြ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး လူထုကိုဖိနှိပ်နေတဲ့ စကစ ကိုဆန့်ကျင်ကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တိုကျို အိုလံပစ် အားကစားပွဲရှေ့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

စစ်တပ်က အာဏာသိမ်းထားချိန်မှာ အိုလံပစ် ပြိုင်ပွဲလာဝင်နေတဲ့ မြန်မာအားကစားသမားတွေဟာ မြန်မာလူထုကို ကိုယ်စားမပြုဘူးလို့ သူတို့ကပြောပါတယ်။

အိုလံပစ်ရဲ့ အခြေခံစိတ်ဓာတ်က ငြိမ်းချမ်းရေးနဲ့ တန်းတူရေးဖြစ်ပါတယ်။ အခု လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေကဒီအခြေခံနဲ့တခြားစီပါ” လို့ ဆန္ဒပြအဖွဲ့ဝင် တဦးဖြစ်သူ သူနာပြုဆရာမ မလဲ့လဲ့လွင်ကပြောပါတယ်။နောက်ထပ် ဆန္ဒပြသမားတဦးဖြစ်သူ ကိုသန့်ဇော်ထက်ကတော့ “ပြိုင်ပွဲဝင်နေတဲ့ မြန်မာအားကစားသမားတွေရဲ့ အသံကို ကြားချင်ပါတယ်။

သူတို့ဟာ ဘယ်သူ့ကို ကိုယ်စားပြုနေတာလဲဆိုတာ မေးခွန်းထုတ်ချင်ပါတယ်” လို့ပြောပါတယ်။

တကယ်လို့ သူတို့ဟာ အာဏာသိမ်း စကစ ကို လက်ခံထားတယ်ဆိုရင် သူတို့ကို ကျနော်ဆန့်ကျင်ပါတယ်” လို့ ကိုသန့်ဇော်ထက်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ဝင်တွေကို ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီလို အာဏာသိမ်းတဲ့အပေါ် ပြည်တွင်း-ပြည်ပရှိ ဒီမိုကရေစီလိုလားသူတွေက ဆက်တိုက်ဆန္ဒပြ ကန့်ကွက်နေကြတာဖြစ်ပါတယ်။