ဗဟုသုတ

အိုလံပစ်ပြိုင်ပွဲသွားပြိုင်တဲ့အပေါ် ရေကူးချန်ပီယံဟောင်း ပြောပြီ

အိုလံပစ်ပြိုင်ပွဲဆိုတာ အားကစားသမားတိုင်းရဲ့ အိမ်မက်ပါ။ အားကစားသမားတိုင်း သွားချင်တယ် ၊ ရောက်ချင်တယ်၊ပြိုင်ချင်တဲ့နေရာတစ်ခုပါ။

တိုကျိုအိုလံပစ်ပြိုင်ပွဲ

ကိုယ်ကပြောရင် ကိုယ်ကိုလာပြောကြမှာ အသေအချာပဲ။ အားကစားစိတ်ဓာတ်မရှိဘူး ။ Professional မပီသဘူး လို့ပြောကြမှာပါ။

(အဲ့လိုလာပြောတဲ့လူတိုင်းကို ⚽️ ပါပဲ အိုကေ အဆဲခံပီးရင် ဆက်ဖတ်ချင်ရင် ဆက်ဖတ်ပါ။ မဖတ်ချင်ရင် ကျော်သွား။ )

ကိုယ့်ကို ခုချိန် နင်ရော အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရင် မပြိုင်ပဲနေမလားဆိုရင် အဖြေကရှင်းရှင်းလေးပဲ မပြိုင်ဘူး။ ဘာလို့လဲ…..

တိုကျိုအိုလံပစ်ပြိုင်ပွဲ

အိုလံပစ်မပြောနဲ့ အာရှတောင် ဆုရဖို့မလွယ်တော့တဲ့ ငါတို့ မြန်မာတွေက အိုလံပစ်ပြိုင်ပွဲသွားပြိုင်တော့ရော ဘာဆု ရလာမှာလဲ။

နိုင်ငံတကာရှေ့မှာ မြန်မာကွဆိုပြီး ရင်ကော့ပြနိုင်မှာလား။ ဆုရနိုင်တယ် ၊ နိုင်ငံတကာရှေ့မှာ ရင်ကော့ပြီး “ကြည့်ထား ငါတို့မြန်မာတွေမညံ့ဘူး”လို့ အော်နိုင်ရင်သွားပြိုင်သင့်တယ်။ သွားပြိုင် ။

ငါ ကိုယ်စားပြုတာ ဟ်ိုခွေသားတွေကိုမဟုတ်ဘူး ၊ မြန်မာနိုင်ငံကို ကိုယ်စားပြုတာလို့ ရင်ကော့ပြီး အော်ခဲ့။ ဆုတွေယူလာခဲ့။ အဲ့ဒါမျိုးလုပ်နိုင်လို့ကတော့ အားပေးပြီးသား။

ကြက်တောင်မယ် သက်ထားသူဇာ

အဲ့လိုမှမဟုတ်ပဲ…..ကိုယ်တိုင်းပြည်တစ်ပြည်လုံး ခုလိုစုပ်ပြတ်သတ်နေချိန်မှာ ပိုးစိုးပက်စက်ရှူံးမယ် ၊ ခွေးတိုးပေါက်ကနေ ခေါင်းလေးငုံ့ပြီး ပြန်ထွက်လာရမယ် ၊ ဘာဆုမှလဲ မရနိုင်မှန်းသိရက်နဲ့ တော့ သွားမပြိုင်ဘူး။ ပြိုင်ဖို့လဲ စိတ်ထည့်လိုမရဘူး။

ကစားသမားတွေဆိုတာ ပြိုင်ပွဲမဝင်ခင်တည်းက ဒီပြိုင်ပွဲမှာ ကိုယ်ဆုရနိုင် မရနိုင်တော့ ခန့်မှန်းနိုင်ကြတယ်။

ခု အိုလံပစ်ပြိုင်ပွဲကို ဆုရမယ်ထင်လို့ သွားပြိုင်တာ လာမပြောနဲ့ ။ ကိုယ့်အဆင့် ကိုယ်သိ။ ကိုယ်ဖာသာ သွားဖူးချင်လို့ ၊ ရောက်ဖူးချင်လို့ သွားတာကို ပြည်သူအတွက် ၊ နိုင်ငံအတွက် လာပြီးခေါင်းစဉ်မတပ်နဲ့။

ဘာကြောင့်သွားပြိုင်လဲ ကိုယ့်ဘာသာ မညာပဲမေးကြည့် ၊ လိပ်ပြာလုံကြပါစေ။

မြန်မာသေနတ်ပစ် ကစားသမား ရဲထွန်းနောင်

အိုလံပစ်ပြိုင်ဖို့အထိ Qualified ဖြစ်လာတာတော့ဂုဏ်ယူတယ်။ ကြိုးစားမှုကို လေးစားတယ်။

အဲ့လိုဖြစ်ဖို့ဘယ်လောက်ကြိုးစားရလဲသိတယ်။ ခံစားချက်တွေကိုနားလည်တယ်။ ကိုယ်တိုင်လဲခံစားဖူးတယ်။

ဒါပေမယ့် ခုလိုချိန်မှာ ပြိုင်သင့်မပြိုင်သင့်ကတော့ လူ့အသိဥာဏ်ရှိရင် ခွဲခြားတတ်မှာပဲ။

(ကိုယ့်အတွေးကိုပြောပြတာ။ နင်ကဘာအဆင့်လဲလာမမေးနဲ့။ ဘယ်လောက် လုပ်ခဲ့ဖူးလို့လဲ လာမမေးနဲ့ ။ အရှေ့တောင်အာရှရေကူးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးထဲကရွှေတံဆိပ်ရဖူးတာဘယ်နှစ်ယောက်ရှိလဲပဲသိအောင်အရင်လုပ် ၊ ခုထိရှိနေတဲ့ ငါ့ရဲ့မြန်မာပြည်စံချိန်တွေကို အရင်ချိုးနိုင်အောင်လုပ်)

@Moe Thu Aung

ပြီးမှ လာပြော။ တော်ရုံစိတ်ဓာတ် ၊ တော်ရုံကြိုးစားမှုနဲ့ ရလာတာမဟုတ်ဘူးဆိုတာပြောချင်တာ။ ခုချိန်မှာ အားကစားစိတ်ဓာတ်မရှိဘူး ဘာဖြစ်တယ် ညာဖြစ်တယ် လာမပြောနဲ့။

တစ်တိုင်းပြည်လုံး စုပ်ပြတ်သတ်နေချိန် ဘာအားကစားစိတ်ဓာတ်မှမရှိဘူး။ စိတ်လဲထည့်ထားလို့မရဘူးကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် အသက်ရှင်ဖို့ပဲ သိတယ်။

အားကစားနဲ့နိုင်ငံရေးဘာမှမဆိုင်ဘူး လာမပြောနဲ့ ၊ ခေတ်အဆက်ဆက် အားကစားသမားတိုင်းသိတယ် ၊ ⚽️ မနိုင်ရင် အရည်ချင်းမရှိလဲ လက်ရွေးစင်အသင်းထဲပါလို့ရတာတွေ အများကြီး ။

@Moe Thu Aung

အဲ့လိုမျိုးတွေထပ်မရှိအောင် စိတ်ဓာတ်ကောင်းကောင်းနဲ့ မြန်မာ့အားကစားတိုးတက်အောင်လုပ်နိုင်ဖို့က တိုင်းပြည်နဲ့ ပြည်သူတွေအသက်ရှင်ဖို့ ၊ လူမှန်နေရာမှန်ပြန်ရဖို့က အဓိကပဲ။