ဗဟုသုတ

ကျပ်သိန်းပေါင်း(၅၀၀၀)ခန့် ကုန်ကျခံပြီး မြို့နေပြည်သူတွေအတွက် အောက်ဆီဂျင်စက်ရုံတည်ဆောက်ကာ လှူဒါန်းပေးသွားမယ့် မအူပင်မြို့က မိသားစုတစ်စု

လတ်တလော ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ ရောဂါကူးစက်သူတွေလည်း များလာသလို သေဆုံးတဲ့အရေအတွက်ကလည်း စံချိန်တင်လောက်အောင် မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ အများစုကတော့ အောက်ဆီဂျင်အလွယ်တကူ မရရှိဘဲ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားကြတာ ဖြစ်ပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ငွေကြေးတတ်နိုင်ကြတဲ့ စေတနာရှင်တွေက အောက်ဆီဂျင် စက်ရုံတွေကို တချို့မြို့နယ်တွေမှာ တည်ဆောက် လှူဒါန်းပေးလာကြတာတွေကို ကြားသိရပါတယ်။

ယခုမှာလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က စေတနာရှင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ထွန်း(ခ)ဦးဒီလစ် + ဒေါ်စန်းစန်းမြင့်တို့ မိသားစုက မြို့နေပြည်သူတွေအပြင် အနီးအနားရှိ အခြားမြို့နယ်ကပြည်သူတွေအတွက် အောက်ဆီဂျင်များ အလွယ်တကူ ဖြည့်ပေးနိုင်ရန်အတွက် ကျပ်သိန်းပေါင်း(၅၀၀၀) ခန့်လောက် ကုန်ကျမယ့် အောက်ဆီဂျင်စက်ရုံကို တစ်ဦးတည်း တည်ဆောက်လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံကိုတော့ လက်ရှိမှာ တည်ဆောက်နေတုန်းဖြစ်ပြီး တစ်ရက်လျှင် (၄၀) လီတာအိုး (၂၆၀) ခန့် ထွက်ရှိအောင် ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ပိုပြီး လေးစားစရာကောင်းတာကတော့ အဆိုပါအလှူရှင်မိသားစုက ယခုကိုဗစ်တတိလှိုင်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူမှုရေးအသင်းတစ်ခုတည်ထောင်ပြီး မြို့နေပြည်သူတွေကို ကူညီပေးတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြို့နေပြည်သူ အောက်ဆီဂျင်မရတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် လှူဒါန်းလာခဲ့တာ ဖြစ်ပါတယ်။

လူမှုရေးအသင်းကိုတည်ထောင်ပြီး ပြည်သူတွေကို ကူညီပေးတဲ့အပြင် အောက်ဆီဂျင်စက်ရုံပါ တည်ဆောက်လှူဒါန်းပေးလာတဲ့ အလှူရှင်မိသားစုကို ပရိသတ်တွေလည်း ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်..။