ကရင်ပြည်နယ် မြဝတီမြို့သည် ယနေ့ ညတွင် သောင်းရင်းမြစ်ရေ လျှံတတ်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ ရေကြီး ရေလျှံမှုများ ကြုံတွေနေရကြောင်း ဒေသခံများကပြောသည်။
ဒေသခံ တဦးက “ မနေ့က ည၁၀နာရီလောက်က မိုးသည်းတယ်။ ဒီနေ့ ည ၈နာရီခွဲ ကျော်လောက်ထိ မိုးကရွာတယ်။ သောင်းရင်းမြစ်ရေကို သွားကြည့်တော့ ရေတတ်နေတယ်။
အဲနောက်ပိုင်းတတ်လာတာ တော်တော်မြန်တယ်။ အခု ရေအမြင့်ကခြောက်ပေကျော်နေပြီး။ နှစ်ထပ်အိမ်ဆို အောက်ထပ် မြှပ်နေပြီး “ ဟု ပြောသည်။
အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက် နှင့် ကျောက်ဖျာဂိတ် နေရာတို့တွင် ရေနှစ်မြှပ်နေပြီး အဆိုပါရပ်ကွက်များတွင် လူဦးရေ ၁၀,၀၀၀ ခန့် နေထိုင်လျှက်ရှိသည်ဟု ခန့်မှန်းထားကြသည်။
မြဝတီမြို့မှာ စစ်ကောင်စီက မနက် ၆နာရီမှာ မနက် ၉ နာရီအထိသာ နေအိမ်မှာအပြင်ထွက်ခွင့် ပြုထားတာကြောင့် လက်ရှိအချိန်တွင် ရေနှစ်မြှပ်နေသည့် နေအိမ်အချို့မှာ ပြည်သူများက ဘေးလွတ်ကင်းရာကို ပြောင်းရွေ့ ဖို့ လူမူကွန်ရက်စာမျက်နှာကတဆင့် အကူညီတောင်းနေကြသည်။
ဒေသခံ တဦးက “ တစ်ချို့နေအိမ်ကလူတွေဆို အိမ်ရဲ့ အပေါ်တို့ ထပ်ခိုးတို့မှာ နေနေရတယ်။ ရေတက်နှုန်းက အရမ်းမြန်တယ်။
အုပ်ချုပ်ရေးမှူးကတော့ ပြောတယ် ပရဟိတအဖွဲ့၊လက်နက်ကိုင်အဖွဲ့နဲ့ တာဝန်ရှိသူတွေပဲ ကယ်ဆိုပြီး မြဝတီမှာက ကိုဗစ်ကလည်းဖြစ်နေတယ်။ ထပ်ကူးမှာဆိုးလိုဆိုပြီးပြောနေတယ်။ လက်ရှိတော့ တာဝန်ရှိသူတွေကလိုက်ပြီး ကယ်ပေးနေတယ် “ ဟုပြောသည်။
သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ် ၄၆၃ စင်တီမီတာအမှတ်ထက် ကျော်လွန်လျက်ရှိသည်။
ဓာတ်ပုံ – CJ