ဗဟုသုတ

ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းကြောင်း စစ်ကောင်စီကြေညာ

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ပြီလို့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၆ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။

မြို့နယ်အလိုက် မဲစာရင်းတွေကို စစ်ဆေးတွေ့ရှိချက်အရ တစ်နိုင်ငံလုံးမှာ မဲစာရင်း ၁၁ သန်းကျော် မှားယွင်းပြီး မဲမသမာမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားပြီး NLD အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့ နိုင်ငံတကာက တောင်းဆိုနေချိန်မှာပဲ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဒီမဲရလဒ်တွေကို ပယ်ဖျက်လိုက်တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေ မှားယွင်းတယ်ဆိုတဲ့ စွပ်စွဲအကြောင်းပြချက်နဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီး ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

– Unicode
————-

ေရြးေကာက္ပြဲရလဒ္ ဖ်က္သိမ္းေၾကာင္း စစ္ေကာင္စီေၾကညာ

~~~~~~
■ ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္ေတြကို ပယ္ဖ်က္လိုက္ၿပီလို႔ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီက ဖြဲ႕စည္းခဲ့တဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္က ဇူလိုင္ ၂၆ ရက္ ဒီေန႔ ေၾကညာလိုက္ပါတယ္။

ၿမိဳ႕နယ္အလိုက္ မဲစာရင္းေတြကို စစ္ေဆးေတြ႕ရွိခ်က္အရ တစ္နိုင္ငံလုံးမွာ မဲစာရင္း ၁၁ သန္းေက်ာ္ မွားယြင္းၿပီး မဲမသမာမွုေတြ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။

မဲဆႏၵရွင္ျပည္သူေတြရဲ့ ဆႏၵကို အေလးထားၿပီး NLD အရပ္သားအစိုးရကို အာဏာျပန္လႊဲေပးဖို႔ နိုင္ငံတကာက ေတာင္းဆိုေနခ်ိန္မွာပဲ စစ္ေကာင္စီ ေရြးေကာက္ပြဲေကာ္မရွင္က ဒီမဲရလဒ္ေတြကို ပယ္ဖ်က္လိုက္တာပါ။

ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ ဦးေဆာင္တဲ့ စစ္တပ္ဟာ ၂၀၂၀ ေရြးေကာက္ပြဲ မဲစာရင္းေတြ မွားယြင္းတယ္ဆိုတဲ့ စြပ္စြဲအေၾကာင္းျပခ်က္နဲ႔ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းလိုက္ၿပီး ေရြးေကာက္ခံ ေခါင္းေဆာင္ေတြကို ဖမ္းဆီးထိန္းသိမ္းထားပါတယ္။

– Zawgyi

File Photo: Reuters