ရွှေပြည်သာမြို့နယ်တွင်းရှိ ကျူချာင်သုသာန်သို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း အမှတ်(၆) ရွှေပြည်သာမှ လာရောက်သဂြိုလ်ကြသော ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။
ကာယကံရှင် မိသားစုများအပြင် လက်နက်အပြည့်အစုံဖြင့် ရဲအင်အား ၁၅ ဦးခန့်က လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့သည်။ ရဲအရာရှိများလိုက်ပါလာသော်လည်း အခြားတပ်ဖွဲ့ဝင်မိသားစုများလိုက်ပါလာသည်ကိုမတွေ့ရပါ။
ပုံမှန်အားဖြင့်ဆိုလျှင် ကျူချောင်သုသာန်သို့ COVID-19 ရောဂါဖြင့်သေဆုံးသူများကိုပို့ဆောင်သဂြိုလ်လေ့မရှိပါ။
သို့သော် သတင်းပေါက်ကြားခြင်းမရှိအောင်လာရောက်သဂြိုလ်သည့်အခမ်းအနားတစ်ခုအဖြစ်ပေါ်လွင်နေပြီး သေဆုံးသူမှာရဲဝန်ထမ်းတစ်ဦးဖြစ်သည်။
ရွှေပြည်သာမြို့နယ်တွင်းရှိ ကျူချာင်သုသာန်သို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း အမှတ်(၆) ရွှေပြည်သာမှ လာရောက်သဂြိုလ်ကြသော ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။