လူသားတို့သည် စားဝတ်နေရေးအတွက် ကုန် ပစ္စည်းများဝယ်ယူသည့်အခါ ဈေးချိုချိုသာသာရသော ဆိုင်တွင်သာ ဝယ်ယူလိုကြသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်မတစ်ဦးသည် ဈေးထဲတွင် ဟင်းချက်စရာများဝယ်ယူရင်း အသားဆိုင်ရောက်သည့်ခါ ကြက်တစ်ကောင်လုံးကိုမှ ယခင်ဈေးထက် သက်သာနေ၍ တန်သည်ဆိုပြီး တစ်ကောင်လုံး ဝယ်ချလာခဲ့သည်။
အိမ်သို့ရောက်သောအခါ မိန်းကလေးသည် ကြက်သားဟင်းချက်မည်ဆိုပြီး နှစ်ခြမ်းခွဲလိုက်ချိန်တွင် ကြက်တစ်ကောင်လုံးက ပုံမှန်လိုမဟုတ်ပဲ အသားပင်မရှိပဲ အဆီထူကြီးသာ ဖြစ်နေတော့သည်။
မိန်းကလေးလည်း အလွန်အံ့အားသင့်သွားကာ အဆီပိတ်နေသည့် ကြက်ကြီးကို ကြည့်ရင်း စိတ်ပျက်ကာ ဘာသွားစားရမလဲဆိုပြီး ရေရွတ်ခဲ့သည်။
မိန်းကလေးသည် သူမကြုံတွေ့ခဲ့ရသော အဖြစ်ကို လူမှုကွန်ယက်တွင် ပုံရိုက်ကာ တင်ခဲ့ပြီး အရေခွံနှင့် ခြေထောက်ကိုသာ စားရတော့မည်ဟုဆိုကာ ဈေးပေါတာကြိုက်ခဲ့မိ၍ နောင်တရနေခဲ့သည်။