ဗဟုသုတ

ငါးပိရည် တို့စရာဗန်းတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး လှူဒါန်းခဲ့တဲ့ ဘေဘီမောင်

နေမကောင်းဖြစ်ကာ ခံတွင်းပျက်နေကြတဲ့သူတွေအတွက် ငါးပိရည်တို့စရာဗန်းတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး လှူဒါန်းခဲ့တဲ့ ဘေဘီမောင်

ဘုရားတရားလည်း ကိုင်းရှိုင်းသလို အလှူအတန်းဆိုလည်း လက်မနှေးတတ်တဲ့ ဘေဘီမောင်ဟာမိသားစုအပေါ်မှာ သိတတ်တဲ့ သမီးအကြီးဖြစ်တာမို့ မိဘတွေအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ရတနာလေးတစ်ခုလိုပါပဲ။

မိဘတွေအပေါ်မှာလည်း သိတတ်သလို ညီမလေးနဲ့ မောင်လေးအပေါ်မှာလည်း အမကြီးအမိရာ ပီသစွာနဲ့ စောင့်ရှောက်ပေးပြီး မြေထောင်မြှောက်ပေးချင်တဲ့ စေတနာဟာလည်းတကယ်ကို လေးစားစရာကောင်းပါတယ်။ အနုပညာလုပ်ငန်းတွေရပ်နားထားချိန်မှာ ကိုယ်ပိုင်လုပ်ငန်းအတွက် အစဉ်တစိုက် ကြိုးစားနေခဲ့ပါတယ်။

ဒီနေ့မှာတော့ ဘေဘီမောင်က နေမကောင်းဖြစ်ကာ ခံတွင်းပျက်နေကြတဲ့သူတွေ လျှာလည်သွားစေဖို့အတွက် ငါးပိရည်တို့စရာဗန်းတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး လှူဒါန်းပေးခဲ့ပါတယ်။

လှူဒါန်းဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး ဘေဘီမောင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ခုလိုပြောပြထားပါတယ်။

နေမကောင်းဖြစ်ပြီးဂတွင်းပျက်နေတဲ့ ဘေဘီကိုချစ်တဲ့ဘေဘီကချစ်ရတဲ့မိတ်ဆွေများအတွက် ဘေဘီကြိုက်တဲ့ငပိရည်ကျိုလေးနဲ့တို့စရာလေး
ဂတွင်းတွေ့ပြီး ထမင်းစားကောင်းကြပါစေရှင့်
​ငွေထက်တန်ဖိုးကြီးတဲ့မေတ္တာစေတနာငပိရည်ဗန်းလေး” ဆိုပြီး ပြန်လည်မျှဝေပေးထားပါတယ်။

ဒီထက်မကတဲ့လှူဒါန်းမှုတွေ ပြုနိုင်ပါစေ ဘေဘီ‌မောင်ရေ။

Zawgyi

ေနမေကာင္းျဖစ္ကာ ခံတြင္းပ်က္ေနၾကတဲ့သူေတြအတြက္ ငါးပိရည္တို႔စရာဗန္းေတြကို ကိုယ္တိုင္ျပင္ဆင္ၿပီး လႉဒါန္းခဲ့တဲ့ ေဘဘီေမာင္

ဘုရားတရားလည္း ကိုင္းရႈိင္းသလို အလႉအတန္းဆိုလည္း လက္မေႏွးတတ္တဲ့ ေဘဘီေမာင္ဟာမိသားစုအေပၚမွာ သိတတ္တဲ့ သမီးအႀကီးျဖစ္တာမို႔ မိဘေတြအတြက္ေတာ့ တန္ဖိုးျဖတ္မရတဲ့ ရတနာေလးတစ္ခုလိုပါပဲ။

မိဘေတြအေပၚမွာလည္း သိတတ္သလို ညီမေလးနဲ႔ ေမာင္ေလးအေပၚမွာလည္း အမႀကီးအမိရာ ပီသစြာနဲ႔ ေစာင့္ေရွာက္ေပးၿပီး ေျမေထာင္ေျမႇာက္ေပးခ်င္တဲ့ ေစတနာဟာလည္းတကယ္ကို ေလးစားစရာေကာင္းပါတယ္။ အႏုပညာလုပ္ငန္းေတြရပ္နားထားခ်ိန္မွာ ကိုယ္ပိုင္လုပ္ငန္းအတြက္ အစဥ္တစိုက္ ႀကိဳးစားေနခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ေဘဘီေမာင္က ေနမေကာင္းျဖစ္ကာ ခံတြင္းပ်က္ေနၾကတဲ့သူေတြ လွ်ာလည္သြားေစဖို႔အတြက္ ငါးပိရည္တို႔စရာဗန္းေတြကို ကိုယ္တိုင္ျပင္ဆင္ၿပီး လႉဒါန္းေပးခဲ့ပါတယ္။

လႉဒါန္းျဖစ္ခဲ့ပုံနဲ႔ပတ္သက္ၿပီး ေဘဘီေမာင္က သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ခုလိုေျပာျပထားပါတယ္။

ေနမေကာင္းျဖစ္ၿပီးဂတြင္းပ်က္ေနတဲ့ ေဘဘီကိုခ်စ္တဲ့ေဘဘီကခ်စ္ရတဲ့မိတ္ေဆြမ်ားအတြက္ ေဘဘီႀကိဳက္တဲ့ငပိရည္က်ိဳေလးနဲ႔တို႔စရာေလး
ဂတြင္းေတြ႕ၿပီး ထမင္းစားေကာင္းၾကပါေစရွင့္
​ေငြထက္တန္ဖိုးႀကီးတဲ့ေမတၱာေစတနာငပိရည္ဗန္းေလး” ဆိုၿပီး ျပန္လည္မွ်ေဝေပးထားပါတယ္။

ဒီထက္မကတဲ့လႉဒါန္းမႈေတြ ျပဳႏိုင္ပါေစ ေဘဘီ‌ေမာင္ေရ။