ဗဟုသုတ

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အင်ဖာ တိုင်ဖွန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်

တရုတ်နိုင်ငံ၏ နေရာဒေသအချို့တွင် သမိုင်းဝင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရှင်းလင်းရေးများ လုပ်ဆောင်နေချိန် မှာပင် ဇူလိုင်လ ၂၅ ရက်က နိုင်ငံအရှေ့ပိုင်းဒေသတွင် အင်ဖာ တိုင်ဖွန်းမုန်တိုင်းဝင် ရောက်တိုက်ခတ်ခဲ့သဖြင့် လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားနေသည်။

ယင်းကဲ့သို့ လေပြင်းမုန်တိုင်းများတိုက် ခိုက်မှုကြောင့် နင်ပိုဆိပ်ကမ်းအနီးတွင် မြေပြိုမှုများဖြစ်ပွားနိုင်ခြေရှိသဖြင့် အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ရေ ကြောင်း၊ လေကြောင်းနှင့် ရထားခရီးစဉ် ပြေး ဆွဲမှုများကို ပိတ်ထားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း၏ဒဏ်သည် တရုတ် နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရှန်ဟိုင်းမြို့ ကိုပါ ရိုက်ခတ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားနေသည်။

ဇူလိုင် ၁၅ ရက်တွင် ရှန်ဟိုင်းမြို့၏ အပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်ခုတွင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ပြီး လေယာဉ် အဝင်၊အထွက်ကိုလည်း ပိတ်ပင်ခဲ့ကာ ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းများထဲတွင်ပါဝင်သည့် ရှန်ဟိုင်းမြို့နှင့် နင်ပိုမြို့မှ ဆိပ်ကမ်းများကိုပါ ပိတ်ခဲ့သည်။

ထို့ပြင် ရှန်ဟိုင်းမြို့နှင့် အခြားမြို့များ တွင် ဒေသခံများကို နေအိမ်အပြင်ထွက်ခြင်း မှ ရှောင်ကျဉ်ရန် အာဏာပိုင်များက သတိပေးခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ဟီနန်ပြည်နယ်တွင် တစ်နှစ်တာ မိုးရွာသွန်းမှု ပမာဏနှင့် တူညီသည့် သုံးရက်ဆက်တိုက်မိုး ရွာသွန်းမှုများဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၅၈ ဦးထက်မနည်း သေဆုံးခဲ့သည်။

ထို့ပြင် ရေလွှမ်းမိုးမှုများကြောင့် လူ ပေါင်းသန်းချီ ထိခိုက်နစ်နာခဲ့ပြီး အချို့မှာ အစားအစာနှင့် သောက်သုံးရေများပြတ်လပ် နေကာ စီးပွားရေးအရ ဒေါ်လာဘီလျံနှင့်ချီ ဆုံးရှုံးနစ်နာခဲ့သည်။

ဟီနန်ပြည်နယ်အစိုးရကမူ လူပေါင်း ၄၉၅,၀၀၀ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်း ကယ်တင်ပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဟီနန်ပြည်နယ်အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ကလည်း ပြည် နယ်အတွင်းရှင်းလင်းရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နေသည်ဟုဆိုသည်။

တရုတ်နိုင်ငံ၏ မိုးလေဝသအာဏာပိုင် များ၏ ပြောကြားချက်အရ အင်ဖာမုန်တိုင်း သည် အင်အားပျော့သွားဖွယ်ရှိသော်လည်း လာမည့်ရက်အနည်းငယ်အထိ တရုတ်၏ အရှေ့ပိုင်းဒေသတွင် ဆက်လက်တိုက်ခတ် ဖွယ်ရှိနေပြီး မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်လာနိုင်သည်ဟု သိရသည်။

“တိုင်ဖွန်းအင်ဖာကြောင့် မိုးသည်းထန် စွာရွာသွန်းမှုတွေဖြစ်လာနိုင်တဲ့အတွက် သ ဘာဝဘေးအန္တရာယ်ကို တားဆီးဖို့နဲ့ သတိရှိ ကြဖို့ မရှိမဖြစ်လိုအပ်ပါတယ်” ဟု တရုတ် မိုးလေဝသ အာဏာပိုင်အဖွဲ့က ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း နွေရာ သီရေလွှမ်းမိုးမှုများနှင့် တိုင်ဖွန်မုန်တိုင်းရာသီ ကို ရင်ဆိုင်ရလေ့ရှိပြီး ပြီးခဲ့သည့်သီတင်းပတ် က ဟီနန်ပြည်နယ်တွင် စံချိန်တင်မိုးရွာသွန်း မှုကြောင့် အခြားမြို့များအနေဖြင့် ယင်းကဲ့သို့ ဆိုးရွားသည့်ရာသီဥတုအခြေအနေများအ တွက် ပိုမိုကောင်းမွန်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ရေးအပေါ် မေးခွန်းများထွက်ပေါ် ခဲ့ပြီး ကျွမ်းကျင်သူများကလည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင်း ယင်းကဲ့သို့ ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်များ အဖြစ်များလာနိုင်သည်ဟု ပြောကြားခဲ့သည်။