ဗဟုသုတ

ပြည်သူတွေအတွက်လိုအပ်လာရင် သူမပိုင်ဆိုင်တဲ့ မြေကွက်ကို ပရဟိတအကျိုးပြုလုပ်ငန်းတွေအတွက် အသုံးပြုခွင့်ပေးမယ့် ဇာဇာထက်

ပရိသတ်ကြီးရေ မော်ဒယ်လ် ဇာဇာထက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ပရိသတ်အချစ်တော်တစ်ယောက်ပါ။ ဇာဇာထက်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဒီကာလပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တွေလုပ်ဆောင်မယ်ဆို သူ့ပိုင်ဆိုင်တဲ့ မြေကို အခမဲ့ အသုံးပြုခွင့်ပေးသွားမယ်လို့ ဖော်ပြလာခဲ့ပါတယ်။

အခုကာလမှာ ကိုဗစ် တတိယလှိုင်းကြောင့် ပြည်သူတွေအတွက် အောက်စီဂျင်ရရှိရေးတဲ့ ကူးစက်ခံရတဲ့ ပြည်သူတွေအတွက်ကွာရာတင်းစင်တာတွေ လိုအပ်နေတာကြောင့် သူပိုင်ဆိုင်တဲ့ မြေကွက်မှာ အောက်စီဂျင်စက်ရုံဖြစ်ဖြစ်ကိုယ်ထူကိုယ်ထ Q စင်တာဖြစ်ဖြစ် လုပ်မယ်ဆိုရင် “သန်လျင်သဘာဝတရားရိပ်သာအကျော်မှာ ကျွန်မပိုင်ဆိုင်တဲ့ပေ(၂၀) (၆၀) မြေကွက်သုံးကွက်တွဲရှိပါတယ်။

တကယ်လို့ အောက်ဆီဂျင်အတွက်ပဲဖြစ်ဖြစ်ကိုယ်ကိုယ်ထ Q center လုပ်ချင်တာပဲဖြစ်ဖြစ် ဒီကာလမှာ အကျိုးရှိအောင်ကူညီချင်လို့ ကျွန်မမြေကွက်ကို ခဏငှားသုံးပါ။ ယူသုံးပါ။ ပိုက်ဆံတစ်ပြားမှပေးစရာမလိုပါဘူး။

ဒါပေမဲ့အကြံအဖန်သမားတော့မငှားပါဘူးရှင် ခိုင်လုံတဲ့အချက်အလက်တွေပြနိုင်တဲ့သူ တကယ်ကူညီမဲ့သူဆိုရင် အချိန်မရွေးဆက်သွယ်ပါ

မှတ်ချက် ။ ။ မီးမရှိတော့ မီးစက်တော့လိုပါလိမ့်မယ်ရှင့်” ဆိုပြီးတော့ အခမဲ့ အသုံးပြုခွင့် ပြုကြောင်း ဖော်ပြထားခဲ့တာပါ။

ပရိသတ်ကြီးရေ ဇာဇာထက်ရဲ့ ဒီကာလမှာ တတ်နိုင်သလောက် အကျိုးရှိအောင် ကူညီချင်တဲ့ စိတ်ထားလေးနဲ့ ကူညီမှုကတော့ တကယ် ကို လေးစားချီးကျူးထိုက်ပါပေတယ်နော်။

Source – Zar Zar Htet

Credit: Cele Zone

ပရိသတ္ႀကီးေရ ေမာ္ဒယ္လ္ ဇာဇာထက္ကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပါ။

ဇာဇာထက္ကေတာ့ ဒီေန႔မွာ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ဒီကာလျပည္သူေတြအတြက္အက်ိဳးရွိမယ့္ လုပ္ငန္းစဥ္ေတြလုပ္ေဆာင္မယ္ဆို သူ႔ပိုင္ဆိုင္တဲ့ ေျမကို အခမဲ့ အသုံးျပဳခြင့္ေပးသြားမယ္လို႔ ေဖာ္ျပလာ ခဲ့ပါတယ္။

အခုကာလမွာ ကိုဗစ္ တတိယလႈိင္းေၾကာင့္ ျပည္သူေတြအတြက္ ေအာက္စီဂ်င္ရရွိေရးတဲ့ ကူးစက္ခံရတဲ့ ျပည္သူေတြအတြက္ ကြာရာတင္းစင္တာေတြလိုအပ္ေနတာေၾကာင့္ သူပိုင္ဆိုင္တဲ့ ေျမကြက္မွာ ေအာက္စီဂ်င္စက္႐ုံျဖစ္ျဖစ္ ကိုယ္ထူကိုယ္ထ Q စင္တာျဖစ္ျဖစ္ လုပ္မယ္ဆိုရင္“သန္လ်င္သဘာဝတရားရိပ္သာအေက်ာ္မွာ ကြၽန္မပိုင္ဆိုင္တဲ့ေပ(၂၀) (၆၀) ေျမကြက္သုံးကြက္တြဲရွိပါတယ္။

တကယ္လို႔ ေအာက္ဆီဂ်င္အတြက္ပဲျဖစ္ျဖစ္ ကိုယ္ကိုယ္ထ Q center လုပ္ခ်င္တာပဲျဖစ္ျဖစ္ ဒီကာလမွာ အက်ိဳးရွိေအာင္ကူညီခ်င္လို႔ကြၽန္မေျမကြက္ကိုခဏငွားသုံးပါ။ ယူသုံးပါ။ ပိုက္ဆံတစ္ျပားမွေပ းစရာမလိုပါဘူး။

ဒါေပမဲ့အႀကံအဖန္သမားေတာ့မငွားပါဘူးရွင္ ခိုင္လုံတဲ့အခ်က္အလက္ေတြျပႏိုင္တဲ့သူ တကယ္ကူညီမဲ့သူဆိုရင္ အခ်ိန္မေ႐ြးဆက္သြယ္ပါ။

မွတ္ခ်က္-မီးမရွိေတာ့ မီးစက္ေတာ့လိုပါလိမ့္မယ္ရွင့္” ဆိုၿပီးေတာ့ အခမဲ့ အသုံးျပဳခြင့္ ျပဳေၾကာင္း ေဖာ္ျပထားခဲ့တာပါ

။ ပရိသတ္ႀကီးေရ ဇာဇာထက္ရဲ႕ ဒီကာလမွာ တတ္ႏိုင္သေလာက္ အက်ိဳးရွိေအာင္ ကူညီခ်င္တဲ့ စိတ္ထားေလးနဲ႔ ကူညီမႈကေတာ့တကယ္ကို ေလးစား ခ်ီးက်ဴးထိုက္ ပါေပတယ္ေနာ္။

Source – Zar Zar Htet