ဗဟုသုတ

NUG ဦးဆောင်မှုဖြင့် တောင်ပိုင်းတိုင်း PDF စစ်သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

ဇူလိုင် ၂၅ရက်။

ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်)က အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဦးဆောင်မှုဖြင့် တောင်ပိုင်းတိုင်း PDF အပတ်စဉ် (၇/၂၀၂၁) စစ်သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။

‘PDF စစ်သင်တန်းဆင်းပွဲ’အပတ်စဉ် (၇/၂၀၂၁)

– PDF အလံတော်အား အလေးပြုခြင်း ။

– သစ္စာအဓိဌာန်ပြုခြင်း။

– သစ္စာရေသောက်ခြင်း။

– အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း။

– သင်တန်းကျောင်းနှင့်တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူအကြီးအကဲများမှ ဩဝါဒမိန့်ခွန်းခြွေခြင်း။

– ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ကြသော အာဇာနည်ကြယ်ပွင့်များအား အောက်မေ့လေးစားစွာ တစ်မိနစ်ငြိမ်သက်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားပြီးဆုံးပြီးနောက် သင်တန်းဆင်း PDFရဲဘော်များ အရေးတော်ပုံအောင်နိုင်ရေး သံချပ်များကြွေးကြော်၍ သွေးသစ္စာသီချင်းကို အားမာန်အပြည့်နှင့် သံပြိုင်သီဆိုခဲ့ကြပါသည်။

#Khampattimes #ခမ်းပါတ်တိုင်းမ်