ဗဟုသုတ

US တို့ရဲ့ ခေတ်လွန်နည်းပညာတွေနဲ့ ကိုတုတ်ကြီးတို့ တိုင်းပြည်ရဲ့ ပုံမှန်မဟုတ်တဲ့ သဘာဝဘေးအန္တရာယ်များ

US MilitrayDrone တွေ အကြောင်းသိချင်လို့ googleမှာလေ့လာကြည့်တာတော်တော်စိတ် ဝင်စားဖို့ကောင်းတယ် တော်တော်များများသိကြတာက ဒရုန်းဆိုရင်ပန်ကာအမျိုးမျိုးတပ်ဆင် ထားတဲ့ အပျော်တမ်းဒရုမ်းတွေနဲ့မှတ်တမ်းတင် ကင်မရာတပ်ဆင်ထားတဲ့ဒရုမ်းတွေကိုသာမျက် စိထဲပြေးမြင်ကြတာများပါတယ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အစွန်းရောက် အီရန် စစ်ဗိုလ်ချုပ် တစ်ယောက်ကို ဗျင်းခဲ့တဲ့ဒရုမ်းအကြောင်းကိုတော့ ဖေ့စ်ဘုတ်သုံးသူတော်တော်များများကြားဖူး လိုက်ကြပါတယ် သာမာန်ဒရုမ်းနဲ့မတူဘူးဆိုတာ ကိုပေါ့..

ကျွန်တော်လည်းဒရုမ်းတွေရဲ့စွမ်းရည်ကို သိချင်လို့ အမေရိကန်တွေစစ်ရေးမှာသုံးတဲ့ဒရုမ်း တွေအကြောင်းကိုလေ့လာကြည့်မိတယ် ဒရုမ်းတွေမှာ spy drone , militray drone ,weather report drone စသည်ဖြင့်အသုံးပြုတဲ့ နေရာစုံလင်သလို နည်းပညာများစွာနဲ့ဒရုမ်းအမျိုး မျိုးတည်ဆောက်ထားကြတာသိရတယ်

militray drone လို့ခေါ်တဲ့စစ်သုံးအုပ်စုထဲမှာမှ stealth drone လို့ခေါ်တဲ့ ရေဒါနဲ့ဖမ်းကြည့်လို့ မသိနိုင်တဲ့ကိုယ်ပျောက် ဒရုမ်းဆိုတာလည်းရှိသေး တယ် အဲဒီdrone ရဲ့စွမ်းရည်က မည်သည့်ရေဒါ ဖြင့်မဆိုဖမ်းယူသိရှိနိုင်ခြင်းမရှိသလို အမြင့်ပေ ပေါင်း65000 အထိပျံသန်းနိုင်ပြီး အမြန်နှုန်းက sport ပြိုင်ကားများရဲ့အမြန်နှုန်းထက်၃ဆပျံသန်း နိုင်တယ်

ယခုလက်ရှိမျိုးဆက်သစ်ဒရုမ်းတွေဟာ လေထဲမှာ 48 နာရီကြာအောင်ပျံသန်းနိုင်တယ် လို့သိရတယ် အမြင့်ပေပေါင်း ၆သောင်းခွဲအထိ ပျံသန်းနိုင်တယ်ဆိုတဲ့သဘောက ..လူသားတွေစီးနင်းလိုက်ပါခရီးသွားနေတဲ့ ဂျက်လေယဉ်ကြီး တွေ Air Bus တွေရဲ့အထက် ပေ ၂သောင်းခွဲကနေပြီး လိုက်ပါစောင့်ကြည့်ပျံသန်းနိုင်တယ်ဆို တဲ့သဘောပါ

တိုက်ခိုက်ရေးဒရုမ်းဖြစ်တာကြောင့် ရှုပ်ထွေးနက်နဲတဲ့ကွန်ပြူတာစနစ်များတပ်ဆင် ထားပြီး စစ်ဆင်ရေးမှာသုတ်သင်လိုသူရဲ့ DNA , မျက်နှာသွင်ပြင်,သွေးအမျိုးအစား စသည် ဖြင့်တိကျတဲ့Data တွေထည့်သွင်းပေးထားရပါ တယ် အဲဒီနောက်မှာတော့Drone ဟာ သူ့အလုပ်သူလုပ်သွားပါတော့တယ်

အဲဒီdrone တွေမှာလည်း Jet terbine engine တွေတပ်ဆင်ပေးထားပြီး လေဟာနယ်နီးပါး လေထုပါးလွှာတဲ့အမြင့်ပေ၆သောင်းခွဲမှာပျံသန်း နိုင်အောင် အောက်ဆီဂျင်အရည်နဲ့တွဲဖက်မောင်း နှင်ရပါတယ်..

အဲဒီ Stealth Droneတွေဟာ မြေပြင်ကိုမဆိုထား နဲ့ အမြင့်ပေ ၃သောင်းနဲ့၄သောင်းအကြားမှာ ပျံသန်းနေတဲ့ဂျက်လေယဉ်ကြီးတွေကိုတောင်မှ ရေဒါစနစ်ကိုရှောင်ရှားပြီး အပေါ်ကပစ်မလား အောက်ကပစ်မလား အခွင့်သာသလိုပစ်ချနိုင် တယ်လို့ဆိုပါတယ်

အမေရိကန်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၃၀ခန့် လောက်ကတည်းက ကမ္ဘာပေါ်ရှိ မည်သည့်နိုင် ငံံ အရပ်ဒေသ ပေါ်ကိုမဆို မိုးကြိုးလျပ်စီးပစ်ချ နိုင်တဲ့နည်းပညာပိုင်ဆိုင်ခဲ့ကြောင်း သိပ္ပံမဂ္ဂဇင်းမှာဖတ်ခဲ့ရဖူးပါတယ် သို့သော် နောက်ပိုင်းလက် တွေ့မှာတော့အသုံးပြုခဲ့ခြင်းမရှိပါဘူး

ဘာကြောင့်လဲဆိုတော့ အမေရိကန်သိပ္ပံပညာရှင် တွေဟာ Thunder လို့ခေါ်တဲ့မိုးကြိုးပစ်ခြင်းရဲ့အကြောင်းကိုလေ့လာသိရှိပြီးတဲ့နောက်မှာ အဲဒီသဘောတရားအတိုင်း မိုးကြိုးပစ်လိုတဲ့ဒေသရဲ့ကောင်းကင်ပေါ်မှာ negativ ionတိမ်တိုက် တွေ ဖြစ်အောင် ဖန်တီးပြီး မိုးကြိုးပစ်စေတယ်လို့သိရတယ် အဲဒီလိုတိမ်တိုက်တွေကိုဖန်တီးရာ မှာလည်း rock များနဲ့ပစ်လွှတ်၍၎င်း ကမ္ဘာ့လေစီးကြောင်းကိုတွက်ချက်အသုံးပြု၍၎င်း ဖန်တီး နိုင်တယ်လို့သိရတယ်

သို့သော်

၎င်းနည်းပညာဟာ တိကျရေရာတဲ့ပစ်မှတ်ကို ပစ်ခတ်နိုင်ခြင်းမရှိတဲ့ အတွက် အသုံးပြုခဲ့ခြင်းမရှိပဲ နောက်မျိုးဆက် တစ်ခုအနေနဲ့Drone များကိုတီထွင်ဖန်တီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်

21 ရာစုသိပ္ပံရဲ့နည်းပညာတွေမှာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို ဆိုင်ကလုမ်းအဆင့်ရှိ မုန်တိုင်းများကိုဖန်တီးနိုင်ပါတယ်..ငလျင်များလည်းဖန်တီးနိုင်ပါတယ် ဆိုင်ကလုန်း အဆင့်ရှိမုန်တိုင်းတစ်ခုဖန်တီးလိုပါက ၎င်းဒေသရဲ့ အခြားတစ်ဖက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်အောင်ဖန်တီးပေးရပါတယ်

ဥပမာ..လေငြိမ်နေတဲ့အရပ်တစ်ခုမှာ ကြီးမားတဲ့ မီးပုံကြီးတစ်ခုဖန်တီးလိုက်မယ်ဆိုရင် မီးလောင်တာ အားကြီးရင် အားကြီးသလောက် လေဟာ ပူလာရင်ပွလာတယ် ပွလာပြီးနောက်ပေါ့ပါးလာပြီးအထက်ကိုတက်သွားတဲ့အတွက် အဲဒီနေရာမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာပြီး အနီးပတ်ဝန်ကျင်က လေများအစားထိုးဝင်ရောက်လာပါတယ် မီးလောင်ရာလေပင့် ဆိုတဲ့ စကားပုံဟာ အဲဒီသေဘာတရားပါ..

အမေရိကန်ဟာ ကမ္ဘာပေါ်မှာအဆင့်မြင့်နည်း ပညာများစွာပိုင်ဆိုင်ထားပါတယ် သူ့ကိုလိုက်ပြီး ပုခုံးခြင်းယှဉ်နေသူကတော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ကိုတုတ်ကြီးပဲဖြစ်ပါတယ်မြန်မာစကားပုံမှာ ဆရာထက် တပည့်က လက်စောင်းထက် ဆိုတဲ့စကားရှိပါတယ်

သို့သော် ကိုတုတ်ကြီးဟာ အမေရိကန်ကိုတပည့်ခံထားသူမဟုတ်ပါဘူး နည်းပညာခိုးယူနေတဲ့သူခိုးအဆင့် မျှသာရှိတဲ့အတွက် အမေရိကန်ထက် လက်စောင်းထက်ဖို့ဆိုတာ အဝေးကြီးမှာပဲရှိနေ ပါလိမ့်မယ်

အခု ကိုတုတ်ကြီးရဲ့တိုင်းပြည်မှာပုံမှန်မဟုတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်လာပြီးရေကြီး ရေလျှံမှုတွေဖြစ်ပွားနေတယ်ဆိုတာနဲ့ဆက်စပ်ပြီး တောတွေး တောင်တွေး လျှောက်တွေးမိလို့ပါ..

NWN

Kks