ကျေးဇူးပြု၍ စာဆုံးအောင် ဖတ်ပေးကြပါ🙏
July5မှာ မန်းတောင်ခြေနား GTCကျောင်းလမ်း အောင်ချမ်းသာက ဇီ၀ကဆေးခန်း(ဒေါက်တာပိုင်ဦး)ဆီမှာဆေးကုခဲ့ပါတဟ်
ဆလိုင်းဆွဲချိတ်ပီး ရှင်းလိုက်ရပါတယ်၆သောင်း
နေ့စဥ် ဒင်းဆီသွားတိုင်းအာ့လိုဘဲရှင်းရတာပါ
July8မှာ အမေက မသက်သာတဲ့အပြင် တအားမောမောလာတဟ် ဆရာရယ် O2လေးတိုင်းပေးပါ့လားဆိုတော့O2က78ဖြစ်နေပြီ.
ဒါနဲ့Covidစစ်တာ အဖြေမပြောဘဲနဲ့ ဘယ်သူ့မှမပြောနဲ့နော် သူကုပေးမယ်တဲ့Positiveထောက်ခံစာရရင်O2ကလဲလွယ်တယ်တဲ့.ဆေးတွေ၀ယ်ခိုင်းတာ ၂၅သိန်းနီးပါး ၁ခါထဲ၀ယ်ရတယ်
အမေ့ကို ဆေးအပြင်း၂လုံးဆက်တိုက်ထိုးပေးပါတယ်။ပီးတော့ အမေ့ကို ပိုက်တန်းလန်းနဲ့ပစ်ထားပြီး အပြင်သွားပါတယ် ၈နာရီလောက်မှာ အမေက ရှူးအရမ်းပေါက်ချင်လို့ အိမ်သာမေးတော့ သူ့မိန်းမကပြောပါတယ်။Covidလူနာမို့ အိမ်သာပေးမတက်ဘူးတဲ့🙂.ဆေးချိတ်ပီး ၁နာရီလောက်ထိ ဒင်းဆေးခန်းကိုပြန်ရောက်မလာတော့ အပ်တန်းလန်းနဲ့စောင့်နေရတာ
နေ့လည်၁နာရီကနေ ၉ခွဲထိ ဒင်းပြန်မလာတော့ သူ့မိန်းမကပြောတဟ် ပြန်လို့ရပီတဲ့
ကိုယ်တိုင်၀ယ်တဲ့ဆေးလေးတင်ချိတ်ပေးတာ ဆေးကုခ ၁သိန်း၂သောင်းခွဲ ဘာသောက်ဆေးမှ ထပ်မပေးပါဘူး
နောက်ရက်nurseငှားခိုင်းတယ် nurseက မနက်နဲ့ ညနေတင်အားတာဆိုတော့ နေ့လည်ကို သူ့တာ၀န်ထားတဲ့ တကယ့်နေ့လည်ကျ ဒင်းပေါ်မလာဘူး အမေက ဆေးပတ်မလည်တော့ လူကိုနွမ်းခြောက်သွားရော။ဒါတောင် ညနေ ဒင်းရောက်လာတော့ လူနာတောင်အပြစ်တင်နေသေး.ခြေကြွခ ၁သိန်းခွဲ
နောက်ရက် Nurseအသစ်လေးတွေရောက်လာတော့ သူနဲ့viberနဲ့ချိတ်ကုမယ်ပေါ့
သူပေးတဲ့ဆေးကြောင့် အမေ O2ထိုးကျတော့ nurseလေးတွေက ပြောပြတော့ လက်မခံဘူး
O2အိုးက ဆရာ၀န်လက်မှတ်နဲ့ဆို တန်းရလွယ်တယ်ဆို လက်မှတ်လေးတောင်းတော့ ရှောင်နေတယ်။Nurseကသူ့ဆီက အမေ့သွေးစစ်ချကိတောင်းတော့ အတွေ့မခံဘူး။အခန်းထဲမှာ ကော်ဖီသောက်နေတယ်။
အာ့နေ့ထဲက အမေ့ကိုအတွေ့မခံတော့ဘူး
ဆရာ၀န်ပတ်ရှာတာမရ ၂ရက်လောက်နေတော့ ဆရာ၀န်လေးရပေမယ့် အမေ့အဆုတ်က ခဲပီး စုတ်ပြတ်နေပြီ။Nurseရယ် ဆရာ၀န်လေးရယ် ကျနော်တို့တတွေရယ် လူနာရှင်မေမေကိုယ်တိုင်ရယ် အသက်ရှင်ဖို့ အစွမ်းကုန် ကြိုးစားပေးမယ့် လူသတ်ကောင်လုပ်တာ လက်လွန်သွားခဲ့ပြီ။July21မှာ မေမေ ဆုံးပါပြီ။ဒင်းကြောင့် ဆေးဖိုး ဆေးကုသစရိတ်အားလုံး သိန်း၅၀ကျော်ကုန်သွားပါတယ်။သူနဲ့ကုနေစဥ်ကုန်ကျငွေပါ။
(နောက်တစ်ဦးရဲ့ ရင်ဖွင့်ချက်)
ဒီဆရာကြောင့်သေတဲ့သူတွေ အများကြီးပါ
ခုထိ လမ်းပေါ်မှာရော သစ်ပင်ရိပ်မှာပါ Covidလူနာတွေ O2တန်းလန်းနဲ့ ကုနေပါတယ်
ငါ့အမေသေသလို ဝဋ်မလည်ပါစေနဲ့ ဂျပုကောင် ဒေါက်တာမခေါ်ထိုက်တဲ့ ဒေါက်တာပိုင်ဦးရေ
သူတပါးမိသားစု စုတ်ပြတ်နေအောင် ကိုယ်ကျိုးဘဲကြည့်တတ်တဲ့ ဆရာ၀န်ရေ ခုလို မြင်ရတာ ပျော်ရဲ့လားဆရာ၀န်ဖြစ်ပီး လူမကယ်ဘဲ လူသတ်တဲ့ အသပြာဆရာ🙂
#လူသတ်ဆရာ၀န်ပိုင်ဦးဇီ၀ကဆေးခန်း
Ei Thinzar Myo(ပုရွက်ဆိတ်)