News

“အဖေ့အတွက် အောက်ဆီဂျင် ပတ်ရှာနေတာ အဖေ့အသက်ကို မမီလိုက်ဘူး” ဆိုတဲ့ သရုပ်ဆောင် လပြည့်”

သရုပ်ဆောင် လပြည့်ရဲ့ ဖခင်ဟာ ယနေ့၊ ဇူလိုင်လ ၂၅ ရက်နေ့ (တနင်္ဂနွေနေ့)၊ မနက် ၅ နာရီ ၁၃ မိနစ် အချိန်ခန့်က အောက်ဆီဂျင် ပြတ်ပြီး နေအိမ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

“ကျနော် အောက်ဆီဂျင် မလိုတော့ဘူးနော်။ ကျနော်မိဘမဲ့ ဖြစ်ပါပြီ။ အဖေ ဆုံးပြီ။ အဖေ့အတွက် အောက်ဆီဂျင် လိုမှာစိုးလို့ ပတ်ရှာတာ အဖေ အသက်တောင် မမီဘူး”

“အမေနဲ့ အဖေ ဆုံးတာ တနှစ်ကျော်ပဲ ကွာတယ်။ ဆုံးတာတောင် တချိန်တည်းနော်။ သားတို့ ထားခဲ့တာ အမေနဲ့ အဖေ ရက်စက်လိုက်တာ”လို့ လပြည့်က စိတ်မကောင်းစွာ ဆိုပါတယ်။

သရုပ်ဆောင် လပြည့်ဟာ ပြီးခဲ့တဲ့ရက်တွေ အတွင်းက ဖခင်ဖြစ်သူအတွက် အရေးပေါ် လိုအပ်နေတဲ့ အောက်ဆီဂျင် လိုက်လံ ရှာဖွေကာ အကူအညီ တောင်းခဲ့နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – La Pyae’s Facebook

# ကောင်းရာသုဂတိလားပါစေ 😢😢😢🙏🙏🙏